နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

သတင်း

မွန်ပြည်နယ်ခရိုင်အသီးသီးတွင် နအဖရဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာ မဲဝင်ရွေးခံကြမယ့် ကိုယ်စားလှယ်လောင်းများ

Friday, September 3rd, 2010

Mon State Hluttaw Candidates for Spdc 2010 Elections
ဤနေရာမှ ကူးယူဖော်ပြပါသည်

ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်များ၏ မေတ္တာပါရမီကျောင်းဖွင့်ပွဲ

Monday, August 30th, 2010

ရွှေဝါရောင်တော်လှန်ရေးဦးဆောင်ဆရာတော်များ၏မေတ္တာပါရမီကျောင်းဖွင့်ပွဲကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါ၍ အားလုံးသော မြန်မာပြည်သူပြည်သား ဒါယကာ ဒါယိကာများ ဝမ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါရန် ကုသိုလ်အမျှ ဝေငှလိုက်ရပါကြောင်း။

ပိုမို ကြည်ညိုသဒ္ဓါပွားနိုင်ရန် ဤနေရာတွင် ဆက်လက်ကြည့်ရှုနိုင်ပါသည်

ကြိုဆိုပါလျှက်ပင် ပြည်သူ့ရင်ခွင်

Sunday, August 29th, 2010

ယခုလို အချိန်မနှောင်းခင် အသိဝင်ကာ
ပြည်သူနှင့် လက်တွဲ တိုင်းပြည်နဲ့လူမျိုး၊သားစဉ်မြေးဆက်အတွက်
အာဏာရှင်စစ်ဘီလူးတို့ တရားဝင်ယစ်မူးဖို့ ပြုလုပ်မည့် ရွေးကောက်ပွဲကို
တိုက်ဖျက်၍ စစ်အာဏာရှင်စနစ်အဆုံးသတ်တိုက်ပွဲတွင်
ပါဝင်လာသည့် သင့်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်အတူ
ပြည်သူလူထုအားလုံးက ကြိုဆိုပါကြောင်း
Spdc

NLD ဒုဥက္ကဌဦးတင်ဦး ၏ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်

Saturday, August 28th, 2010

ယနေ့ (၂၈)ရက် မနက် ၇း၀၀ မှာ NLD ဒုဥက္ကဌဦးတင်ဦး လပွတ္တာ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း နှင့် ဧရာဝတီတိုင်းဥက္ကဌ ဦးလှဖေ တို့နဲ့အတူ လူငယ်ကိုဘမောင်၊ကိုမြင့်ဌေး ၊ဗဟိုအမျိုးသမီး အဖွဲ့မှ ဒေါ်လဲ့ ၊ မအေးအေးမာ တို့အဖွဲ့ဟာ ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အဖြစ်  ရန်ကုန်ရုံးချုပ်မှ စတင်ထွက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စစ်ခွေးတွေရွေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော မြေပါဝင်သည့်အဆောက်အဦးတွေကိုတောင်ချမ်းသာမပေးဘဲရောင်းချ

Friday, August 27th, 2010

နှစ်ပေါင်း ၁၀၀ အတွင်း ရွေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော မြေပါဝင်သည့်အဆောက်အဦ ဆယ့်နှစ်လုံးအနက် ယခုနှစ်တွင်သုံးလုံးအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့

ရွေတိဂုံစေတီတော်ကြီးသို့ နှစ် ပေါင်း ၁၀၀ ကာလအတွင်းအလှူရှင် များမှ သာသနာ့ရန်ပုံငွေထိန်းသိမ်းရေး စာချုပ် ချုပ်ဆိုပြီး လှူဒါန်းထားသော မြေပါဝင်သည့် အဆောက်အအုံဆယ့် နှစ်ခုအနက် သုံးလုံးအား ယခုနှစ်တွင် ဈေးပြိုင်စနစ်နှင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။
ယခုနှစ်တွင် ရောင်းချခဲ့သော မြေနှင့် အဆောက်အဦများမှာ ရန်ကုန် တိုင်းလမ်းမတော်မြို့နယ် ဘုန်းကြီး လမ်းမှ အမှတ် ၁၀၅ နှင့် ၁၀၈ ရှိ [...]

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်း မြို့နယ် အမှတ် (၂) ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်ခြင်း(၆)နှစ်ပြည့်အခန်းအနား

Friday, August 20th, 2010

အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ ဗဟန်းမြို့နယ် အမှတ် ( ၂ ) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် ကွယ်လွန်ခြင်း ( ၆ ) နှစ်ပြည့် အခမ်းအနားကို ယနေ့ မနက် တောင်ဒဂုံ ၁၈ ရပ်ကွက်တွင် ကျင်းပခဲ့ပါသည်.။

ဖိတ်ကြားလွှာ

Thursday, August 19th, 2010

opening invite_Bur&Eng_2

ဆန်ဖရန်စစ္စကို ဘေဧရိယာရှိCity of Berkley မှဦးဆောင်ကာ၈၈၈၈ နေ့ အထိမ်းအမှတ် ကျင်းပ

Monday, August 9th, 2010

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ဆန်ဖရန်စစ္စကို ဘေဧရိယာ၊ ဘာကလေမြို့တွင် City of Berkeley မှဦးဆောင်ကာပြည်ထောင်စုမြန်မာနိုင်ငံ ကြယ်ငါးလုံး အလံတော်နှင့် ကျောင်းသားသမဂ္ဂ အလံတော်တို့ကို Berkeley City Hall ရှေ့၌  August လ (၆)ရက်နေ့ နံနက် ၈နာရီ ၈မိနစ်တွင် ခန့်ခန့်ညားညား လွှင့်ထူခဲ့ကြပါသည်။
City of Berkeley မှ ၁၉၈၈ခုနှစ် ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အသက်ပေးစွန့်လွှတ်ခဲ့ကြသော ရဟန်းရှင်လူ၊ကျောင်းသားပြည်သူအပေါင်တို့အား ထိုက်ထိုက်တန်တန် ဂုဏ်ပြုသောအားဖြင့် (၈)လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့သို့ ရောက်ရှိတိုင်း ၊Burma Day အဖြင့် တရားဝင် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း ၎င်း အလံတင် အခမ်းအနားပွဲကို ကျင်းပခဲ့ပါသည်။
၎င်း [...]

၈၈၈၈ ရှစ်လေးလုံး ၂၂နှစ်မြောက် ကျင်းပ

Monday, August 9th, 2010

ယနေ့မြောက်ဥက္ကလာမှာ ကျင်းပပြုလုပ်တဲ့ (၂၂)နှစ်မြောက် ရှစ်လေးလုံး အခမ်းအနားသို့ ဦးဝင်းတင်နှင့် နိုင်ငံရေးအင်အားစုများ တက်ရောက်ကြပါသည်

ရှစ်လေးလုံး ၂၂ နှစ် တိုင်ခဲ့ပေမဲ့ ဒီမိုကရေစီခရီး ချီတက်နေရဆဲ

Sunday, August 8th, 2010

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့တာ ဒီနေ့သြဂတ်စ်လ ၈ ရက်နေ့မှာ ၂၂ တိုင် ရှိခဲ့ပါပြီ။ ဒီမိုကရေစီရေးအတွက် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဒီအဖြစ်အပျက်ကြီးကို ခုချိန်ထိ အများက မမေ့နိုင်ကြ သေးပါဘူး။ ဒါကြောင့် ပြည်တွင်း ပြည်ပမှာရှိကြတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ၈ လေးလုံး နှစ်ပတ်လည်နေ့ ရောက်တိုင်း နှစ်စဉ် အထိန်းအမှတ် အခမ်းအနားတွေ ကျင်းပလာခဲ့ကြတာ ခုဆိုရင် ၂၂ ရှိလာပြီဖြစ်ပါတယ်။

« Previous Entries