နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for June, 2008

Monday, June 30th, 2008

လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးမည်

Monday, June 30th, 2008

၃၀ ဇွန် ၂၀၀၈
မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ (၁) ရက်နေ့မှစပြီး တရားဝင်လိုင်စင် ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန) မှ အရာရှိတဦးက ပြောသည်။
၎င်းက “နေပြည်တော်က စာဝင်ထားပြီးပြီ၊ ကျနော်တို့ ဒီနေ့ ကြေညာချက်ထုတ်မယ်။ ဇူလိုင်(၁) ရက်ကနေ အောက်တိုဘာလကုန်အထိ ကြိုက်တဲ့အချိန် လိုင်စင်ဝင်လို့ရတယ်။ အရေအတွက်လည်း ကန့်သတ်မထားဘူး” ဟု ပြောသည်။မော်လမြိုင် ကညနရုံးတွင် မနက်ဖြန်မှစပြီး လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ပြုလုပ်နိုင်ကြောင်း ကြေညာထားပြီး ဆိုင်ကယ်အမျိုးအစားအလိုက် တစီးချင်းကုန်ကျမည့် ကုန်ကျစားရိတ်ကိုလည်း ကြေညာထားကာ အနည်းဆုံး ကျပ် (၇၅,၀၀၀) မှ ကျပ် (၅) သိန်းခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် အကောက်ခွန်ဆိုင်ရာဒဏ်ကြေး၊ သွင်းကုန်အကောက်ခွန်၊ [...]

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ ဆန္ဒပြ

Monday, June 30th, 2008

၃၀ ဇွန် ၂၀၀၈
မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။
ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက “စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ” ဟု ပြောသည်။
မယ်လစခန်းတွင် မိမိတို့ကဲ့သို့ [...]

မြစ်ကြီးနားတွင် မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ကချင်ကျောင်းသားများ ပြုလုပ်၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေ

Sunday, June 29th, 2008

ယမန်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က မြစ်ကြီး နားမြို့ပေါ်တွင် ပိုစတာများကပ်ကာ လှုပ်ရှားမှုတခုပြုလုပ်ခဲ့ပြီး ဒေသခံအာဏာပိုင်များက ပိုစတာများကို ခွာယူ သွားသည်။
အေဖိုးဆိုဒ်အရွယ် စက္ကူပေါ်တွင် မူးယစ်ဆေးဝါး လုံးဝ အလိုမရှိ။ အင်္ဂလိပ်လို No Drug ဟုရေးပြီး လူစည်းကား ရာနေရာတွင် ကပ်ခဲ့ရာတွင် အာဏာပိုင်များဖြုတ်ယူသွားသည်ဟု လှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ကျောင်း သားတဦးက အခုလို ပြောသည်။
“အဓိကရေးထားတာက မူးယစ်ဆေးဝါးကို လုံးဝ အလိုမရှိ၊ အင်္ဂလိပ်လို No Drug အဲဒါပါဘဲ။ အဲဒီမှာ ကျနော်တို့အဖွဲ့စည်းနာမည်ရေးလိုက်တာလေ။ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂပေါ့။ အဲလို ရေးတဲ့ အတွက်ကြောင့် ဖြုတ်တာထင်တာဘဲ။ မြို့တွင်း ရပ်ကွက်တွေ အားလုံး၊ အထူးသဖြင့် လူစည် ကားတဲ့ နေရာတွေ ဈေးနံရံတွေ၊ ဓာတ်တိုင်တွေ၊ [...]

Sunday, June 29th, 2008

အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်

Sunday, June 29th, 2008

အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်
ထင်ကျော် (မြန်မာတိုင်းမ်)“သမီးတို့ ဘာတွေဖြစ်သွားတာလဲ။ အခုဖြစ်နေတာတွေဟာ အိပ်မက်တွေလား။ ပြီးတော့ အမေနဲ့ မောင်လေးနှစ်ယောက် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းမျှော်နေတုန်းပဲ။ အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်”ဒီစကားကို မျက်ရည်တွေ ၀ဲနေတဲ့ကြားက အားတင်းပြီး ပြောနေသူကတော့ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ မဝေေ၀မြင့်ပါ။ သူက ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လှည်းဆိပ်ဆိုတဲ့နေရာက ဇေယျာသီရိ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေတဲ့ နာဂစ်လေဘေးသင့် ဒုက္ခသည်ပေါင်း ၅၀၀ခန့်ထဲက တစ်ဦးပါ။
သူက ဒီကျိုက်လတ်မြို့နယ်ထဲကတော့ မဟုတ်ပါဘူး။ မုန်တိုင်းအတွင်း အသေအပျောက် အလွန်များပြားခဲ့တဲ့ ဘိုကလေးမြို့နယ်ထဲက လူ ၁,၀၀၀လောက်ရှိတဲ့ မယ်တော်စု ကျေးရွာကပါ။ မုန်တိုင်းနဲ့အတူ တက်လာခဲ့တဲ့ (၁၅)ပေလောက်မြင့်တဲ့ ဒီရေလှိုင်းက သူ့အပေါ်သိပ်ချစ်၊ သိပ်သံယောဇဉ်ကြီးရှာတဲ့ အမေနဲ့ မောင်လေးနှစ်ယောက်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုအဝေးကြီးကို [...]

နိုင်ငံခြားအကူအညီ ပိုမိုလက်ခံရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ဖိအားပေး

Friday, June 27th, 2008

၂၇ ဇွန် ၂၀၀၈
မေလ၌ ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ထိခိုက်ရာဒေသများသို့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများအား ပိုမိုဝင်ရောက်ခွင့်ပေးရန် မြန်မာအစိုးရကို ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံ အုပ်စုက ဖိအားပေးလိုက်သည်။
မုန်တိုင်းကြောင့် သေပျောက်သူ စုစုပေါင်း (၁၃၈,၀၀၀) ရှိခဲ့ပြီးနောက် ထိုဒေသများတွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆက်လက်ထောက်ပံ့သွားရန် တိုကျိုမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည့် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက သဘော တူလိုက်ခြင်းဖြစ်သည်။စစ်အစိုးရသည် နိုင်ငံခြားအကူအညီများအတွက် အချိန်ဆွဲနေခဲ့သောကြောင့် မုန်တိုင်းကာလ အတွင်း သေဆုံးမှုများ ပိုမိုဆိုးဝါးစေသည်ဟု အင်အားကြီးနိုင်ငံ ခေါင်းဆောင်များက စွပ်စွဲထားပြီး နိုင်ငံတကာ အကူအညီကိစ္စတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါဝင်ရန် တွန်းအား ပေးခဲ့ကြသည်။
“နိုင်ငံတကာအသိုင်းအ၀န်းက လှူဒါန်းတဲ့ငွေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိအောင် ဘန်ကီမွန်းအနေနဲ့ တိုက်တွန်းပေးဖို့ ကျနော်တို့ ကမ္ဘာ့စက်မှုထိပ်သီး [...]

ဒေ၀ဒတ် န၀တစစ်အုပ်စု ကိုးကွယ်ပြီး လမ်းမှား ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ဆမတ်

Thursday, June 26th, 2008

လွှတ်တော်ထဲမှာ စက္ကူရုပ် လုပ်ကစားနေတဲ့ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ
သတင်း- (m-s)
ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျဟာ ဟာ မြန်မာနိင်ငံစစ်အစိုးရအတွက် ခုခံကာကွယ်ပေးနေမှု တွေပြုလုပ်ခဲ့ တာကြောင့် သူဟာ ဒေ၀ဒတ် ကိုးကွယ်ပြီး လမ်းမှား ရောက်နေတဲ့ သူလို့ မြန်မာစစ်အုပ်စုကို အတိုက်အခံပြုနေတဲ့ အင်အားစုတွေက ဝေဖန်ခဲ့ကြပါတယ်။
အခုလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းတပ်ဆင် ကို ခုခံကာကွယ်ပေးနေမှု တွေပြုလုပ်နေခဲ့ တာကြောင့် သူ့အစိုးရကို ထိုင်း အတိုက်အခံ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေအင်အားစုတွေက အပြင်းအထန်ဝေဖန်နေကြသလို၊ ရာထူးကနေနှုတ်ထွက်ပေးဖို့ကိုလည်း ဘန်ကောက်မှာ ထိုင်းပြည်သူတွေကလမ်းမပေါ်တွေ နှင့် ၀န်ကြီးချူပ်ရုံးခန်းအပြင်တွေမှာ စခန်းချ ပြီးတော့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီလိုဆန္ဒပြလာတာအခုဆို (၄) ပတ်နီးပါးရောက်တော့မှာပါ။ ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ်ရာထူးက နှုတ်ထွက်တဲ့အထိ ၀န်ကြီးချူပ်ရုံးရှေ့မှာ ထိုင်ပြီးဆန္ဒပြ ကြမယ်လို့လည်းဆိုနေပါတယ်။ ဆန္ဒပြပွဲကို အတိုက်အခံ တပ်ပေါင်းစု People’s Alliance For [...]

ကိုယ်မစည်းရုံးနိုင်ရင် ကိုယ်ခံ

Thursday, June 26th, 2008

(ကိုရင်ဒေါင်း)
၁၉၆၂ ခုနှစ်က စတွက်ရင် တိုင်းပြည်ကို စစ်အုပ်စုမင်းဆက် တဆက်ပြီးတဆက် ကြီးစိုးမင်းမူခဲ့တာ ၄၆ နှစ် တောင်ရှိနေပြီ။ လက်ရှိအနေအထားအတိုင်း နိုင်ငံရေးအင်အားစုတွေ ကျဲကျဲကွဲကွဲ မညီမညွတ်ဆက်သွား နေကြဦးမယ်ဆိုရင် နအဖစစ်အုပ်စုရဲ့ ညောင်နှစ်ပင်အခြေခံဥပဒေအောက်မျာ ပြည်သူတွေနောက်ထပ် အနည်းဆုံးရာစုနှစ် တ၀တ်လောက် ဒုက္ခပင်လယ်ဝေကြရဦးမယ်လို့ ယူဆရတယ်။ တိုင်းပြည်ဟာလည်း အလုံးစုံ ပျက်စီးရေး နွံကြီးထဲမှာ တရိပ်ရိပ်နစ်သွားရမယ့် အနေအထားပဲ။ဒီဆောင်းပါးမှာ ပြည်သူလူထုကြီးတရပ်လုံးက နည်းမျိုးစုံနဲ့ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားက နအဖစစ် အာဏာရှင်စနစ် ဘာ့ကြောင့်သက်ဆိုးရှည်စေနိုင်တာမှာ အကြောင်းတရား အများအပြားရှိမှာ ဖြစ်ပေမယ့် စစ်အုပ်စုလက်တဆုတ်စာရဲ့ မတရားတဲ့အမိန့်တွေကို တပ်မတော်တရပ်လုံး (ကြည်း၊ ရေ၊ လေ)က မငြင်းဆန် နိုင် ဘဲ နာခံနေရတာဟာ အရေးပါတဲ့ အကြောင်းတခုဖြစ်တယ်။
စစ်အာဏာရှင်စနစ်ရဲ့ ကျောရိုးဟာ စစ်တပ်ဖြစ်တယ်။ စစ်အုပ်စုလက်တဆုတ်စာရဲ့ ပြည်သူအပေါ် ဖိနှိပ် သတ်ဖြတ်ရေးအမိန့်တွေကို တပ်မတော်က [...]

စားဝတ်နေရေးကြပ်တည်း၍ စစ်တွေမြို့က မိသားစုတစု သေကြောင်းကြံ

Thursday, June 26th, 2008

ကိုစိုး | ဇွန် ၂၆၊ ၂၀၀၈
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းဂံရပ်ကွက်တွင် စားဝတ်နေရေး အကြပ်အတည်းကြောင့် မိသားစု ၃ ဦး သေကြောင်း ကြံစည်သွားကြကြောင်း သိရသည်။
အဆိုပါ မင်းဂံ ရပ်ကွက်နေ ကိုမောင်မောင်စိုး အသက် ၃၈ နှစ် သည် နေ့စဉ် အိမ်စရိတ်ကို ဆိုက်ကား နင်း၍ ဖြေရှင်းနေရာမှ ယခုလ ၁၈ ရက်က စားဝတ်နေရေး အခက်အခဲကြောင့် ၎င်းနှင့်အတူ အသက် ၇ နှစ် အရွယ် သားအငယ်နှင့် ၈ နှစ်အရွယ် သမီးအကြီးတို့ သေကြောင်း ကြံစည်သွားခြင်းဖြစ်သည်ဟု စစ်တွေရှိ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။“ကလေးတွေအမေကလည်း ဆုံးသွားပြီ၊ သူကဆိုက်ကားနင်းတယ်၊ အဲဒါ စည်ပင်က လိုင်စင်ကြေးတောင်းတာတွေ အဖမ်း အဆီးတွေနဲ့ဆိုတော့ အလုပ်က [...]

« Previous Entries