Archive for July, 2008
အာဏာပိုင်တို့၏လာဘ်စားမှုကြောင့် တရားဝင်ပိတ်ထားသောဂိတ်မှ ထိုင်းဘက်သို့ တရားမဝင် သစ်ကားများ ဝင်ရောက်နေဆဲ
Wednesday, July 30th, 2008ဘုရားသုံးဆူ။ ။ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို နေပြည်တော်၏အမိန့်ဖြင့် ပိတ်ထားသော်လည်း မြို့ပေါ် အာဏာပိုင်တို့က ၎င်းတို့နှင့်နီးစပ်သူများနှင့်လာဘ်ပေးနိုင်သောစီးပွားရေးသမားများကို ထိုင်းနိုင်ငံဘက်သို့ သစ်တင်သွင်း ခွင့် ပေးထားဆဲဖြစ်ပြီး ယင်းပိတ်ထားသောဂိတ်မှသာ ဖြတ်သန်းသွားနေဆဲ ဖြစ်ကြောင်း မြို့ပေါ်စီးပွားရေးသမားအသိုင်း အဝိုင်းမှ သိရသည်။
ယခု တစ်လအတွင်း ဂိတ်လမ်းကြောင်းမှ ထိုင်းဘက်သို့ သစ်ကား အစီးရေ ၆၀ နီးပါး ဖြတ်သန်းခဲ့ကြောင်း စီးပွားရေးသမား များက ပြောကြားသည်။ ယင်းသစ်ကားများကို ခလရ ၃၄ တပ်ရင်းမှူး ဒု ဗိုလ်မှုးကြီး အေးကိုကို၏အမိန့်ဖြင့် ဖြတ်သန်းခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့တွင် သစ်ကားအစီးရေ ၃၇ စီး၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပါကေးများ တင်ဆောင်ထားသော ကားအစီးရေ ၁၈ စီးအား ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း [...]
ဒဏ်ရာ
Wednesday, July 30th, 2008လူရယ်လို့ ဖြစ်လာရင် ဒဏ်ရာဆိုတာ ရကြစမြဲပါ။ ဒဏ်ရာ(၂)မျိုး ရှိမယ်လို့ ထင်ပါတယ်။ ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာနဲ့ စိတ်မှာရတဲ့ ဒဏ်ရာ ဆိုပြီး ဒီလို (၂)မျိုး တွေ့ရပါတယ်။ ဒီတော့ ခန္ဓာကိုယ်မှာရတဲ့ ဒဏ်ရာကို အချိန်မှီ ဆေးကုသမယ်ဆိုရင် ပျောက်ကင်း သွားပါလိမ့်မယ်။ စိတ်မှာရတဲ့ ဒဏ်ရာကိုတော့ ဘာနဲ့ ကုစားကြမလဲ။ ဒီနေရာမှာ ဗုဒ္ဓ၏ ဆေးနည်း ကတော့ ဘာဝနာတရားကို အခြေခံထားပြီး ကုစားရမယ်လို့ အဓိက ညွှန်ကြားထားပါတယ်။စိတ်မှာဖြစ်နေတဲ့ ဒဏ်ရာကို သမထဘာဝနာ ၀ိပဿနာဘာဝနာ (၂)မျိုးထဲမှ သမထဘာဝနာဖြင့် ကုစားရမယ်လို့ ပြောထားပါတယ်။ သမထ ဆိုတာ စိတ်ကို ငြိမ်းအေးစေပြီး သမာဓိကို ဖြစ်စေတတ်ပါတယ်။ ဘာဝနာ ဆိုတာ လွန်စွာအကျိုးများသဖြင့် မိမိတို့၏ သန္တာန်၌ အဖန်ဖန် ဖြစ်စေထိုက် [...]
ကမ္ဘောဇဘဏ် မန်နေဂျင်းဒါရိုက်တာ စစ်ဆေးခံရ ဘဏ်ကငွေတွေ အလုအယက်ပြန်ထုတ်
Wednesday, July 30th, 2008ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ထိန်းသိမ်းစစ်ဆေးခံနေရသဖြင့် ဘဏ်တွင် ငွေအပ် ထားသူများ ယခုရက်ပိုင်းအတွင်း ငွေပြန်ထုတ်ယူနေကြမှု များနေသည်။
ကမ္ဘောဇဘဏ်သည်လည်း မြန်မာမေဖလားဝါးနှင့် အာရှဓနဘဏ်များကဲ့သို့ မကြာခင် ဖျက်သိမ်း ခံရဖွယ်ရှိသည်ဟု ပြင်ပတွင် ကောလာဟလများ ထွက်လာပြီးနောက် ယခုကဲ့သို့ ဘဏ်အပ်ငွေ များကို ပြန်ထုတ်လာကြခြင်းဖြစ်သည်။
ယခုလလယ်ခန့်က ကမ္ဘောဇဘဏ်၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းနိုင်ကို သက်ဆိုင် ရာက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးမှုများ ပြုရာမှ အဆိုပါ ကောလာဟလ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်ဝင်းနိုင် အဖမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်သို့ ခေတ်ပြိုင်က ဖုန်းအကြိမ် ကြိမ်ဆက်ခဲ့ရာ နံပါတ်အားလုံး ဆက်သွယ်မရသည့်အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။“မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်ကြားတာပဲ၊ မောင်ဝိတ်တို့နဲ့ ဆက်စပ်နေတယ် လို့ ပြောနေကြတယ်” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။
အခြားဘဏ်များ ငွေထုတ်ယူမှု ပမာဏကို [...]
မြန်မာနိုင်ငံ၌ လူ (၁) ထောင်လျှင် (၇) ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရ
Wednesday, July 30th, 2008ဒေါက်တာစန်ဂန် (၀ဲ) အား ဘန်ကောက်မြို့ (FCCT) တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌တွေ့ရစဉ်
မြန်မာနိုင်ငံ၌ ကိုယ်ခံအားကျဆင်းစေသည့် အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ကူးစက်ခံနေသူ အရေအတွက် သိသိသာသာ လျော့နည်းကျဆင်းသွားသော်လည်း လူ (၁) ထောင်လျှင် (၇) ဦး ကူးစက်ခံနေ ရဆဲဖြစ်သည်ဟု ကုလသမဂ္ဂ ယူအန်အေ့ဒ်စ် (UNAIDS) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံနေရသည့် အရွယ်ရောက်သူနှင့် ကလေးဦးရေသည် ၂၀၀၁ ခုတွင် (၃၀၀,၀၀၀) ခန့် ရှိရာမှ ၂၀၀၇ခု၌ (၂၄၀, ၀၀၀) ခန့်သာ ရှိတော့သည်ဟု ယမန် နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ထိုသို့ကျဆင်းသွားရခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များ၌ ကူးစက်မှု ကျဆင်းသွား၍ ဖြစ်သည်ဟု ယူအန်အေ့ဒ်စ်အဖွဲ့ ဒေသတွင်းအစီစဉ် အကြံပေးပုဂ္ဂိုလ် [...]
ဒုက္ခသည်အမျိုးသမီးများက ဝန်ကြီးချုပ်ကားကိုတား၍ အခက်အခဲများတင်ပြ တောင်းဆို
Tuesday, July 29th, 2008လေဘေးသင့်ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဝန်ကြီးချုပ်စီးလာသည့်ကားကိုတား၍ လက် ရှိရင်ဆိုင်နေရသည့်အခက်အခဲများကို တင်ပြတောင်းဆိုခဲ့ကြသည်။
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ပေါ်ရှိ (၃) မိုင် ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ယမန်နေ့ နံနက်ပိုင်း (၉) နာရီခန့်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် စီးလာသည့်ကားကို လေယာဉ်ကွင်းအပြန်တွင် ရှေ့မှရပ်၍ တားမြစ်ပြောဆိုခြင်းဖြစ်သည်။ လပွတ္တာမြို့ပေါ်ရှိဒုက္ခသည်များကို စခန်းအာဏာပိုင်များက နေရပ်ရင်းပြန်ရန် အတင်းအကြပ် ဆောင်ရွက်နေသည့်အတွက် အခက်အခဲနှင့်ရင်ဆိုင်နေရသည့်အမျိုးသမီးများက ယခုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
“ကျမတို့ပြန်ဖို့ဆိုတာက နေဖို့ထိုင်ဖို့ကလည်း အခက်အခဲရှိပါတယ်၊ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်၊ အခုလည်းကြားနေရတယ်၊ လေတွေတိုက်မယ် ရေတွေကြီးမယ်လို့ ကြားနေရ တော့ ထိတ်လန့်နေတယ်၊ ကျမတို့ နေဖို့မြေနေရာလေးနည်းနည်းလောက်ရရင် ဖြစ်ပါတယ်၊ ကြုံရာလုပ်စားပြီးနေမှာပါလို့ ပြောတာပါ” ဟု ဒုက္ခသည်စခန်းမှ အမျိုးသမီးတဦးကပြောသည်။
ဝန်ကြီးချုပ်အနေဖြင့် နောက်တကြိမ်ပြန်လာ၍ အခက်အခဲများကို ပြေလည်အောင်လုပ်ပေးမည် ဟု ပြောဆိုခဲ့ပြီး [...]
အမေရိကန်သမ္မတကတော် မဲဆောက်လည်ပတ်မည်မစ္စ လော်ရာဘုရှ်
Tuesday, July 29th, 2008 ၂၉ ဇူလိုင် ၂၀၀၈
ရွှေ့ပြောင်းမြန်မာ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကိစ္စများ တိုးတက်ရေး ပိုမိုကူညီမှု ပေးနိုင်ဖို့အတွက် အမေရိ ကန်သမ္မတကတော် လော်ရာဘုရှ် လာမည့်လ (၇) ရက်နေ့တွင် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းသို့ လာရောက်မည် ဖြစ် သည်။
မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်က “ကျမတို့ဆေးခန်းကို နောက်လ (၇) ရက်နေ့လာမယ်။ မဲဆောက်ဒေသအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေမှာ ဘော်ဒါ ဆောင်နေတဲ့ မြန်မာကလေး (၁,၅၀၀) နဲ့
ပြည်တွင်းက ကလေး (၁,၀၀၀) အတွက် လော်ရာဘုရှ်တို့အဖွဲ့က မနှစ်ကစပြီး ထောက်ပံ့ကူညီမှု ပေးတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ဒီက အခြေအနေကို လာရောက်လေ့လာတာ ဖြစ်တယ်လို့ သိရ တယ်” ဟု [...]
ဦးဂမ္ဘီရ ဦးဆောင်ဆရာတော် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
Tuesday, July 29th, 2008ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ (ခ) ညီညီလွင်
ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ ဦးမင်းလွင်+ဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း(၇)ယောက်ရှိပြီး ဦးဂမ္ဘီရမှာ (၅) ယောက်မြောက်ဖြစ်သည်။ အသက် (၅) နှစ်အရွယ်တွင် ပေါက်မြို့၊ အောင်တံခွန်ရပ်၊ အမှတ်(၄)မူလတန်းကျောင်းတွင် စတင်ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊ အတန်းစဉ်ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။ ကလေးစစ်သားဖြစ်ရသေး…..၁၉၈၈ ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏ စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေး ကျဆင်းမှုများကို ခံစားရခြင်းနှင့်အတူ နိုင်ငံရေးစိတ်များလည်း အမြစ်တွယ်ခဲ့ဟန်ရှိပါသည်။ ကျောင်းများ (၂) နှစ်ခန့် ပိတ်လိုက်ခြင်းကြောင့်လည်းကောင်း၊ အုပ်ထိန်းသူ မိဘများ၏ အုပ်ချုပ်မှုကင်းလွတ် သွားခြင်းကြောင့် လည်းကောင်း၊ အသက် [...]
Good for nothing!
Tuesday, July 29th, 2008ထိုင်းနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဘုရှ် က မြန်မာအတိုက်အခံများနှင့် တွေ့ဖွယ်ရှိ
Monday, July 28th, 2008မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဂျူလိုင်လ 28 2008 16:32 – မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် (George W. Bush) သည် သြဂုတ်လအတွင်း သွားရောက်မည့် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တက်ကြွလှုပ်ရှားသူ မြန်မာများနှင့် တွေ့ဆုံဖွယ် ရှိသည်ဟု ဘန်ကောက်ရှိ သတင်းရပ်ကွက်များက ဆိုသည်။
ထိုင်းနိုင်ငံသို့ သူ၏ ၂ ရက်ကြာခရီးစဉ်အတွင်း မြန်မာအနည်းငယ်နှင့် နိုင်ငံရေး အကဲခတ်အချို့ကို နေ့လယ်စာ စားရင်း တွေ့ဆုံဖွယ် ရှိသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ သတင်းရပ်ကွက်က ပြောကြားခြင်း ဖြစ်သည်။ထိုင်းနှင့် အမေရိကန် ၂ နိုင်ငံအကြား ၂ နိုင်ငံအကျိုးတူ ဆက်ဆံရေးကို ထူထောင်ခဲ့သည့် ၁၇၅ [...]












