နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for August, 2008

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ

Friday, August 22nd, 2008

ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာဂမ်ဘာရီတို့ ယနေ့ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ယခုအထိ တွေ့ဆုံနိုင်ခြင်း မရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကြောင့် မဟုတ်ဘဲ တွေ့ဆုံရမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံနိုင်သဖြင့် မတွေ့ဆုံသေးခြင်း ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Friday, August 22nd, 2008

အရှင်ဂမ္ဘီရကို ဒုတိယအကြိမ် ရုံးထုတ်

Thursday, August 21st, 2008

အရှင်ဂမ္ဘီရ
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ယမန်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။
အာဏာပိုင်များက စွဲဆိုထားသော အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့်ပတ်သက်ပြီး ရုံးထုတ်ခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရနှင့် ၄၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေကြီး ဦးအောင်သိန်း က ပြောဆိုသည်။
“ဒီခရိုင်တရားရုံးအနေနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ ပုဒ်မ ၃၃ (က) / ၃၈ နဲ့ပတ်သက် ပြီး တင်တယ်၊ ကျန် အမှုကတော့ မြို့နယ်တရားရုံးအလိုက် တင်ဖို့များတယ်”ဟု ဦးအောင်သိန်းက ပြောသည်။
အရှင်ဂမ္ဘီရအား တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ ၂၉၅ (က)၊ [...]

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံသည့်ကိစ္စ အန်အယ်လ်ဒီခေါင်းဆောင်များ ကျေနပ်မှုမရှိ မတ်လခရီးစဉ်မှ အချက်အများစုကို စစ်အစိုးရထံ ဂမ်ဘာရီ ပြန်တင်ပြမည်

Wednesday, August 20th, 2008

ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်ဘာရီသည် ယနေ့မွန်းလွဲပိုင်း (၃) နာရီ က ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၅) ဦးနှင့် တွေ့ ဆုံခွင့်ရခဲ့သော်လည်း ပြန်လည်ဆွေးနွေးခွင့် မရသည့်အတွက် ကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောသည်။
မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာ၌ ၁၉၉၀ ရွေးကောက်ပွဲအပေါ် ကုသလမဂ္ဂ၏သဘောထား၊နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လာမည့်ရွေးကောက်ပွဲတို့ကို အန်အယ်လ်ဒီကလက်မခံကြောင်း ပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။၎င်းက “လာမည့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရမယ်လို့ ဂမ်ဘာရီက စကားစတဲ့ အခါမှာ အန်ကယ် ဦးလွင်က ၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။ ဒီကိစ္စကို ဘယ်လိုရှင်းမလဲလို့ [...]

စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာ ရဟန်းတုများအား အရေးယူမည်ဟု စစ်အစိုးရခြိမ်းခြောက်

Wednesday, August 20th, 2008

ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈
စစ်တွေမြို့ရှိ ရဟန်းအတုအယောင်များအား ဓမ္မစက်၊ အာဏာစက်တို့ဖြင့် အရေးယူမည်ဟု စစ် အစိုးရက ပြောကြားခြင်းသည် စက်တင်ဘာအရေးအခင်း နှစ်ပတ်လည်နီးလာချိန်ဖြစ်၍ သံဃာ တော်များကို ကြိုတင်ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း သံဃာတော်တို့က မိန့်ကြားသည်။
သြဂုတ် (၁၈) ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ သံဃာ့နာယကအဖွဲ့ ဆရာတော် (၂၈) ပါးကို စစ်တွေမြို့ လောကာနန္ဒစေတီ မဟာဝေယန်သာသနာ့ဗိမာန်တော်၌ ရခိုင်ပြည်နယ် သာသနာရေးမှူး ဦးတင်ဝင်းက ရဟန်းအတုအယောင်များအား အရေးယူရေးနှင့် စပ်လျဉ်း၍ လျှောက်ထားခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြထားသည်။သတင်း၌ ရဟန်းအသွင်ဆောင်ကာ အလှူခံစားနေသည့် သံဃာတော် (၆) ပါးကို အာဏာပိုင်များ က ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ကြောင်း၊ ရဟန်းတုများကို ဆရာတော်ကြီးများအနေဖြင့် ၀ိနည်းနှင့်အညီ ထိရောက်စွာ အရေးယူပေးရန်နှင့် အစိုးရကလည်း [...]

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

Wednesday, August 20th, 2008

စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။
ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။ “တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ [...]

Monday, August 4th, 2008

Monday, August 4th, 2008

Monday, August 4th, 2008