Archive for September, 2008
ဆိုက်ဘာအတိုက်အခံသမားများအတွက်လက်ဆောင်မွန်လေးတစ်ခုပါ
Tuesday, September 30th, 2008ကျွန်တော်တို့ (န.အ.ဖ)အားအတိုက်အခံပြုလုပ်နေကြသော ဆိုက်ဘာအတိုက်အခံသမားများ များစွာရှိနေပါသည်။ ထို့ကြောင့်(န.အ.ဖ)မှလည်းထိုသို့သောဆိုက်ဘာအတိုက်အခံသမားများ၏ဘလော့များ၊ ၀ဘ်ဆိုဒ်များအား ဖျက်ဆီး နေခြင်းများလည်းရှိနေပါသည်။ ထိုသို့သောအဖျက်အဆီးများမှအပြည့်အ၀မဟုတ်သော်လည်းတော်ရုံတန်ရုံဖျက်ဆီး ခြင်းမပြုနိုင်စေရန်အတွက်ကျွန်တော့်အနေဖြင့်ဆောဖ့်ဝဲလ်လေးတစ်ခုအား run စေချင်ပါသည်။ ၄င်းဆောဖ့်ဝဲလ်အားလိုချင်ပါက အောက်ပါလင့်တွင်ဒေါင်းလော့လုပ်ယူနိုင်ပါသည်။http://www.mediafire.com/?sharekey=a6e919c1345df40dd2db6fb9a8902bda
သံဃာတော်တွေကိုပြန်မလွှတ်ပေးလျှင် သံဃာ့လှုပ်ရှားမှုပြန်စမည်ဟု စစ်တေ
Tuesday, September 30th, 2008ဘူးသီးတောင်မှာထောင်ဒဏ်(၇)နှစ်ခွဲကျခံနေရတဲ့စစ်တွေမြို့စိတ္တသုခကျောင်းတိုက်ကသက်တော် (28) နှစ် အရွယ်အရှင်က္ကသရိယအပါအ၀င်စက်တင်ဘာသံဃာ့အရေးအခင်းနဲ့ပါတ်သတ်ပြီးဖမ်းဆီးခံထားရတဲ့သံဃာ တော်တွေနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုပြန်လွှတ်ပေးဖို့စစ်တွေမြို့သံဃာ့အဖွဲ့ချုပ်ကဒီနေ့တောင်းဆိုပါ တယ်။အရှင်က္ကသရိယဟာမနှစ်စက်တင်ဘာလ(၂၈)ရက်နေ့ကရခိုင်ပြည်သံဃာတော်တွေရဲ့ဆန္ဒပြပွဲမှာဦးဆောင်သံ ဃာတော်တစ်ပါးဖြစ်ပြီးအခုဆိုရင်အဖမ်းခံရတာတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါသည်။ဒီတောင်းဆိုချက်တွေကိုစစ်အစိုးရကမလိုက်လျောဘူးဆိုရင်မကြာခင်မှာသံဃာ့လှုပ်ရှားမှုတစ်ခုကိုဖော်ထုတ် တိုက်ပွဲဝင်သွားမယ်လို့စစ်တွေမြို့သံဃာ့အဖွဲ့ချုပ်ကသတိပေးထားပါတယ်။ဦးဆောင်ကိုယ်တော်တစ်ပါးဖြစ်တဲ့အရှင်ရက္ခပုတ္တက တကယ်လို့များဦးဇင်းတို့ကြေငြာချက်မှာပါတဲ့ဒီတောင်း ဆိုချက်ကိုသာမလိုက်လျောဘူးဆိုရင်စစ်တွေသံဃာ့အဖွဲ့ချုပ်ကနေပြီးတော့ဒီရွှေဝါရောင်တော်လှန်ရေးကို အခြေခံပြီးတော့ပြည်တွင်းပြည်ပမှာရှိတဲ့သံဃာအရှင်သူမြတ်တွေ၊ တစ်နိုင်ငံလုံးမှာရှိတဲ့သံဃာတော်တွေနဲ့ အတူပူးပေါင်းပြီးတော့ဦးဇင်းတို့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ပြောပါတယ်။စနေနေ့က စစ်တွေမြို့သံဃာအပါး(၁၀၀)ကျော်လမ်းလျှောက်ဆန္ဒပြခဲ့တာဟာစက်တင်ဘာရွှေဝါရောင်တော် လှန်ရေးကိုမမေ့နိုင်ကြောင်းပြသတာဖြစ်ပါတယ်လို့လည်းအရှင်ရက္ခပုတ္တကမိန့်တော်မူခဲ့ပါတယ်။ဆန္ဒပြမှုနဲ့ပါတ်သတ်ပြီးသံဃာတော်တွေကိုဖမ်းဆီးတာမျိုးမရှိပေမယ့်ကျောင်းတိုက်တွေကိုတော့လုံခြုံရေး တိုးမြှင့်ချထားတယ်လို့သိရပါတယ်။စက်တင်ဘာလ(၁၈)ရက်နေ့တည်းကစပြီးစစ်တွေမြို့ကဘုန်းကြီးကျောင်းတွေအားလုံးညနေဘုရားဝတ်တက် ချိန်မှာမနှစ်သံဃာ့လှုပ်ရှားမှုမှာကျဆုံးခဲ့ရတဲ့ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေအတွက်မေတ္တာပို့သမှုကို ဒီနှစ်ကုန်အထိပြုလုပ်မှာဖြစ်တယ်လို့လည်း အရှင်ရက္ခပုတ္တကတိုက်တွန်းပါတယ်။တစ်နိုင်ငံလုံးမှာရှိတဲ့တကာ၊တကာမတွေကိုလည်းဦးဇင်းတို့က ဘာတွေမှာချင်သလဲဆိုတော့မိမိကိုယ်စားမိမိ ကိုးကွယ်ရာ၊အားထားရာ၊မှီခိုရာ၊ပြည်တွင်းပြည်ပနိုင်ငံကုလသမဂ္ဂဆိုတာတွေကိုမျှော်ကိုးမနေပါနဲ့ကိုယ့်အရေးကိုသာကိုယ်တောင်းဆိုကြပါ။ဦးဇင်းတို့ရဲ့အမျိုး၊ဘာသာ၊သာသနာဟာဒီမိစ္ဆာဝါဒရဲ့အောက်မှာပျောက်ကွယ်သွားရတော့မှာလား။ဦးဇင်းတို့ရဲ့ ဒီမျိုးဆက်ကသာကိုယ့်မှာကျရောက်နေတဲ့တာဝန်ကိုမထမ်းဆောင်ဘူး။မကျေပွန်ဘူးဆိုရင်အမျိုး၊ဘာသာ၊ သာသနာဟာကွယ်ပျောက်ရပါတော့မယ်ဆိုတာကိုဒီကနေအလေးအနက်ပြောကြားချင်ပါတယ်။ဦးဇင်းတို့ရဲ့ တိုက်ပွဲဟာမကြာခင်စတင်တော့မယ်ဆိုတာလည်းဒီကနေတစ်နိုင်ငံလုံးကိုပြောကြားပါရစေ။နောက်ထပ်သံဃာ့လှုပ်ရှားမှုကိုလည်းစစ်အစိုးရဘက်ကအချိန်မရွေးမကြမ်းဖက်လာနိုင်ပေမယ့်ပြည်သူတွေ အနေနဲ့ကိုယ့်အခွင့်အရေးကိုကိုယ်သိပြီးတိုက်ပွဲဝင်မယ်ဆိုရင်အောင်မြင်မှုဟာလက်တကမ်းမှာရှိတယ်လို့ အရှင်ရက္ခပုတ္တရကဆက်လက်မိန့်ကြားပါတယ်။ဦးဇင်းတို့သာသနာ့ဘောင်အတွင်းမှာနေတယ်ဆိုတာဘုရားချမှတ်ပေးထားတဲ့အမှန်တရားလမ်းစဉ်အတိုင်း နေရတာ။မဟုတ်မတရားတဲ့တရားတွေထွန်းကားနေမယ်ဆိုရင်သာသနာရေးတည်တံ့မှာမဟုတ်ဘူး။သာသနာ ဆိုတာကမဟုတ်၊မတရားတဲ့အဓမ္မ၀ါဒမဟုတ်ဘူး။မှန်ကန်တိကျတဲ့ဗုဒ္ဓ၀ါဒဖြစ်တယ်။မမှန်ကန်၊မတိကျတဲ့အရာ တွေကဗုဒ္ဓဘာသာကိုလွှမ်းမယ်ဆိုရင်အသက်ပေးကာကွယ်ရမယ်ဆိုတာဦးဇင်းတို့ရဟန်းတော်တွေရဲ့တာဝန် ဖြစ်တယ်။အဲဒါကြောင့်သူတို့ကခြောက်တယ်။ ဖမ်းတယ်၊ဆီးတယ်၊အကြမ်းဖက်တယ်ဆိုရင်ဦးဇင်းတို့ကရင်ဆိုင် ဖို့အသင့်ပဲဖြစ်နေတယ်။
တရုတ်ရင်းနှီးမြှုပ်နှံမှု တိုးများလာမှုကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်
Tuesday, September 30th, 2008မြန်မာနိုင်ငံတွင်းတရုတ်ကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုအရင်ကထက်ပိုမိုများပြားလာတဲ့အပေါ်ဒီရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေသခံပြည်သူများ ထိခိုက်နစ်နာမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်ရတယ်လို့ EarthRights International(ERI) က ပြောပါတယ်။ ERI ရဲ့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။တရုတ်နိုင်ငံက ကုမ္ပဏီပေါင်း အနည်းဆုံး ၆၉ ခုဟာ မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်လုပ်ငန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ သတ္တုမိုင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားကြပြီးအရင်နှစ်တွေကထက်တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုဟာပိုမိုများပြားလာတယ်လို့ ERI စစ်တမ်းမှာ ထောက်ပြထားပါတယ်။ ဒီလို တရုတ်နိုင်ငံဒီရင်းနှီးမြှုပ်နှံမှုတွေဟာမြန်မာနိုင်ငံရဲ့အဓိကသဘာဝအရင်းအမြစ်တွေကိုအသုံးချထုတ်ယူနေပေမယ့် အခြား ဘေးထွက်ကိစ္စတွေကို အသေအချာ ကိုင်တွယ်မှုမရှိတာကြောင့် ဒေသခံပြည်သူတွေကို ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ ERI အမှုဆောင်ဒါရိုက်တာ ကစောဝါးက ပြောပါတယ်။“လာလုပ်တဲ့အလုပ်တွေကို ကြည့်လိုက်ရင် သဘာဝပတ်ဝန်းကျင်ကို လုံးဝဂရုစိုက်မှုမရှိဘူး။ပြည်သူပြည်သားတွေ ဘာတွေထိခိုက်မယ်ဆိုတာလေ့လာမှုမရှိဘူး။သူတို့လုပ်ချင်တိုင်းလုပ်နေတယ်ဆိုတာအင်မတန်သတိထားဖို့ကောင်းတယ် ဆိုတာတော့ကျနော့်အနေနဲ့တင်ပြချင်ပါတယ်။ကျနော်တို့မြန်မာပြည်ရဲ့သယံဇာတတွေကအများကြီးရှိတယ်ဆိုပေမယ့် တရုတ်နိုင်ငံက ယူချင်သလိုယူ၊ [...]
စစ်တွေတွင် ကျောင်းသားများ ဆန္ဒပြ
Tuesday, September 30th, 2008ကျောင်းကား စီစဉ်ပေးခြင်း မရှိသောကြောင့်ဆိုကာ စစ်တွေ နည်းပညာကောလိပ်မှ ကျောင်းသားများသည် တင်္နလာနေ့ မွန်းလွဲပိုင်းက စုပေါင်းလမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံများ အပြောအရ သိရသည်။ရခိုင်ပြည်နယ် စစ်တွေမြို့အပြင်ဘက် ရေချမ်းပြင်ရပ်ကွက်ရှိ အစိုးရနည်းပညာ ကောလိပ်မှ ကျောင်းသား ကျောင်းသူ ၂၅ဝ ကျော်သည် မြို့ထဲသို့ လမ်းလျှောက် ပြန်လာကြခြင်း ဖြစ်သည်။စစ်အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ်ပြင်းထန်ပြီး အတိုက်အခံ လှုပ်ရှားမှု အားကောင်းရာ ဒေသတခုတွင် ယခုကဲ့သို့ ကျောင်းသားများ စုရုံး လှုပ်ရှားမှုသည် အာဏာပိုင်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။“၈ မိုင်လောက်ဝေးတဲ့ ဗန္ဓုလလမ်းဆုံဆိုတာ ရှိတယ်။ အဲဒီ လမ်းဆုံရောက်တဲ့အခါ ကျောင်းအကြိုအပို့ကားက နောက်ကနေ လိုက်လာတယ်။ လိုက်လာတော့လည်း ကဲ ဘာမှ မထူးတော့ဘူး ဆိုပြီးတော့ ကားမစီးပဲ ကိုယ်အိမ်ကိုယ် ပြန်ရောက်တဲ့အထိ တန်းစီပြီးတော့ [...]
မြန်မာပြည်တွင်းမှအင်တာနက်သုံးစွဲသူများမသိမဖြစ်သိထားသင့်သောအချက်များ
Monday, September 29th, 2008မန်မာပြည်တွင်းကအချို့သောဆိုင်ဘာကဖီး(သို့)အင်တာနက်ဆိုင်များမှာkeyloggerဟုခေါ်သည့် ဆော့ဖ်ဝဲများ ထည့်သွင်းထားပြီးလာရောက်သုံးစွဲနေသူတွေအထဲမှာမှနိုင်ငံရေးနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ဆက်သွယ် နေကြတဲ့ပြည်တွင်းမှတတ်ကြွလှုပ်ရှားသူများအားခြေရာခံနိုင်အောင်လုပ်ဆောင်နေမှုများရှိနေပြီးထိုကဲ့သို့တတ်ကြွ လှုပ်ရှားသူများအားဖမ်းဆီးမိနိုင်အောင် လုပ်ဆောင်ထားတာတွေရှိနေပါသည်။keyloggerဆိုသည်မှာwindowစတက်စဉ်ကတည်းကစအလုပ်လုပ်နေပါသည်။ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍ငှင်းအလုပ်လုပ်နေမှန်း မသိနိုင်တော့ပါ။ ၄င်းမှမိမိ keyboard တွင်ရေးလိုက်သမျှ၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် ..။ထိုအခါမိမိတို့၏ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သမျှအားလုံးအားငှင်းဆော့ဖ်ဝဲမှမှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှုလုံးဝမရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့် အစစအရာရာအားအတိအကျပင် ၄င်းကမှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)ထိုကဲ့သို့သောဆော့ဖ်ဝဲမျိုးအားကွန်ပျူတာတွင်သွင်းထားပြီးလာရောက်သုံးစွဲသည့်သူ၏လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထားနိုင်၍မိမိတို့အနေဖြင့်ဆိုင်ဘာကဖီးသို့မဟုတ်တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးစွဲမည့် ကွန်ပျူတာထဲတွင် ငှင်းဆော့ဖ်ဝဲအား ရှိမရှိ အရင်ဆုံးစစ်ဆေးကြည့်ဖို့အတွက် အလေ့အကျင့် လုပ်ထားပါက အကောင်းဆုံးနှင့်လုံခြုံမှု အနည်းငယ် ပိုမို၍ရှိသွားမှာ ဖြစ်ပါသည်။မိမိတို့၏ကိုယ်ရေးကိုယ်တာအချက်အလက်များအားသူတစ်ပါးဆီပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ .. ။ ပထမဦးစွာ Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager [...]
စစ်တွေမြို့ မှ ဆန္ဒပြ သံဃာတော် (၇) ပါးကိုဖမ်းဆီး
Sunday, September 28th, 2008စက်တင်ဘာ (၂၇) ရက် စနေနေ့က စစ်တွေမြို့ ပေါ်တွင် လမ်းလျှောက်စီတန်းမေတ္တာပိုခဲ့ကြသည့် သံဃာတော်များထဲမှ သံဃာတော် (၇)ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများနှစ်ပတ်လည် နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်း သည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ် သည်။
“ ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမဲ့ အာဏာပိုင်တွေ နဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်း လျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာစီတန်းလှည့်လည်တာကိုတောင် [...]
အဲန်အယ်လ်ဒီ အနှစ် (၂၀) ပြည့် အဖွဲ့ဝင်တချို့ အဖမ်းခံရ
Sunday, September 28th, 2008အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ အနှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တင်းတင်းကြပ်ကြပ် ချထားတဲ့ကြားက အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေ ကျင်းပခဲ့ကြပါတယ်။ အဲန်အယ်လ်ဒီအဖွဲ့ဝင် တချို့ လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်း အခြေစိုက် သတင်းထောက် ဒေါ်အေးအေးမာက သတင်းပေးပို့ထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တဲ့ နှစ် (၂၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပတဲ့ နေရာမှာ အာဏာပိုင်တွေက လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀၀ လောက် ချထားခဲ့ပြီး အဖွဲ့ဝင် ၉ ယောက်ကိုလည်း အခမ်းအနား အပြန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ အကြောင်း အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။“ဒီနေ့ အခမ်းအနားကျင်းပတာပေါ့။ အခမ်းအနားပြီးစီးသွားတယ်။ လုံခြုံရေးအခြေအနေ ပြောရင်တော့ အင်အားအတော်ကို များတယ်။ [...]
စစ်တွေတွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြ
Sunday, September 28th, 2008ရွှေဝါရောင် တော်လှန်ရေး တနှစ်ပြည့်သော အခါသမယတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်က စနေနေ့ နံနက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။ဆန္ဒပြမှုကို မျက်မြင်တွေ့ခဲ့သူ ဒေသခံ ကိုသန်းလှိုင်က မဇ္ဈိမသို့ ပြောပြရာတွင် သံဃာတော်များသည် စစ်တွေ လမ်းမကြီးမှ နံနက် ၁၀ နာရီမှစတင် ချီတက်ခဲ့ကြသည်ဟု ပြောသည်။ ဆန္ဒပြမှုမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြစ်သည်။“သံဃာတော်တွေက တိတ်တိတ်ဆိတ်ဆိတ်ကိုပဲ ချီတက်ခဲ့ကြတာ။ ရဲနဲ့ တခြားအာဏာပိုင်တွေ ကားတွေ၊ ဆိုင်ကယ်တွေ အများကြီးနဲ့ အနောက်က လိုက်ကြပြီး ဘာဖြစ်လို့ လုပ်တာလဲ မေးကြတယ်” ဟု သန်းလှိုင်က ပြောသည်။“လမ်းဘေးမှာရှိတဲ့ ရဲတွေကလည်း လက်အုပ်ချီ ကန်တော့ခဲ့ကြတာပေါ့” ဟု သူက ထပ်ပြောသည်။သံဃာတော်များသည် ဦးဥတ္တမ ပန်းခြံအထိ ဆက်လက် ချီတက်ကြခဲ့ကြပြီး ငြိမ်းချမ်းစွာပင် [...]
ဗုံးသတင်းကြောင့် အစိုးရထုတ် သတင်းစာတွေ အရောင်းသွက်ခဲ့
Sunday, September 28th, 2008ရန်ကုန် မြို့တော်ခန်းမ အနီး ပေါက်ကွဲခဲ့သည့် ဗုံးပေါက်ကွဲမှု သတင်းကြောင့် စစ်အစိုးရထုတ် သတင်းစာများ ယနေ့ နံနက် အစောပိုင်းတွင်ပင် အရောင်းသွက်ခဲ့ရာ သတင်းစာများ ဝယ်မရအောင် ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။မြန်မာဘာသာထုတ် အစိုးရထုတ် သတင်းစာ ၂ ခုဖြစ်သည့် မြန်မာ့အလင်း နှင့် ကြေးမုံ သတင်းစာများတွင် ဗုံးပေါက်ကွဲမှုသတင်း ရေးသား ဖော်ပြခဲ့ရာ လက်ပွေ့ သတင်းစာ ရောင်းသူများနှင့် လမ်းဘေး ဘန်းခင်းဈေး အရောင်းဆိုင်များတွင် နံနက် ၈းဝဝ နာရီအတွင်း သတင်းစာများ ပြတ်လပ်သွားခဲ့ကြောင်း ဈေးသည်တဦးက ယခုလိုပြောသည်။“လာတဲ့သူတွေက ဗုံးပေါက်တဲ့ သတင်းပါသလား မေးတယ်။ ပါတယ်ပြောတော့ ဘယ်နှယောက် လောက် သေလဲ မေးတော့ မသေပါဘူးလို့ ပြောလိုက်ရော။ ပေးပေးဆိုပြီး ဝယ်ဖတ်တော့တာပါဘဲ” ဟု သူကပြောသည်။ယမန်နေ့ နံနက်ပိုင်း [...]
စစ်အစိုးရ၏ လျှို့ဝှက်စီမံကိန်း – တရုတ်နှင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေး ရအောင်လုပ်မည်
Sunday, September 28th, 2008မြန်မာ ပြည်ထဲရေးဝန်ကြီး သဘာပတိလုပ်သည့် အစည်းအဝေးတခု၏ အစည်းအဝေး မှတ်တမ်းတခုအရ တိုင်းပြည်ကို ဆယ်စုနှစ် ၄ ခုကျော် အုပ်စိုးလာခဲ့သည့် စစ်အစိုးရသည် တိုးပွါးလာနေသော အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာ ဖိအားကြောင့် တရုတ်ပြည်နှင့် ပိုမိုနီးစပ်သည့် ဆက်ဆံရေးတရပ်ကို ထူထောင်သွားမည် ဖြစ်ကြောင်း ညွှန်ပြ ပြောဆိုနေပါသည်။
၂ဝဝ၈ ခုနှစ် ဂျူလိုင်လ ၆ ရက်နေ့စွဲပါ အစည်းအဝေး မှတ်တမ်းအရ အမေရိကန် သြဇာမှ တိုင်းပြည်ကို ကာကွယ်နိုင်ရန် မြန်မာနိုင်ငံအနေဖြင့် မဟာမိတ်မရှိဘဲ ထီးထည်း ရပ်တည်နေ၍ မရကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အလားတူ သဘောထားရှိသည့် နိုင်ငံများ၏ ထောက်ခံမှုကို လိုအပ်ကြောင်း ပြောကြားထားပါသည်။မဇ္ဈိမသတင်းဌာန၏ လက်ဝယ်တွင် ရရှိထားသော အစည်းအဝေး မှတ်တမ်းအရ တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ဆောင်ရွက်နေသည့် [...]












