နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for October, 2008

ငွေဆောင်တွင် ထူးကုမ္ပဏီမှ လေဆိပ်ဆောက်မည်

Friday, October 31st, 2008

ထူးကုမ္ပဏီက ဧရာဝတီတိုင်း ပုသိမ်မြို့နယ်အတွင်းရှိ ငွေဆောင်ကမ်းခြေအနီးမှ သဇင်ကျေးရွာတွင် လေယာဉ်ကွင်းတခု မကြာမီ တည်ဆောက်သွားဖွယ် ရှိသည်။
ယခင် လေယာဉ်ကွင်း ဆောက်ရန် လျာထားသည့် နေရာမှ တမိုင်ခန့်အကွာတွင် တည်ဆောက်မည့် လေယာဉ်ကွင်းသစ်အတွက် တိုင်းတာရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကာ လာမည့် ၃ နှစ်အတွင်း အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်သည်။လေဆိပ်အသစ်သည် ရန်ကုန်-ဘန်ကောက်အပြင် နိုင်ငံတကာ လေကြောင်းများမှ ကိုယ်ပိုင်လေယာဉ်များဖြင့် တိုက်ရိုက် ပျံသန်းနိုင်မည့် အလတ်စားလေယာဉ်များ ဆင်းသက် ရပ်နားနိုင်ရန် ရည်ရွယ်ပြီး ဆောက်လုပ်သွားမည်ဟု ကုမ္ပဏီမှ တည်ဆောက်ရေးပိုင်းဆိုင်ရာ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
ကုမ္ပဏီအနေဖြင့် ငွေဆောင်ကမ်းခြေသို့ လာရောက်မည့် ခရီးသွားများ ယခင်ကထက် ပိုမိုတိုးတက် ရောက်ရှိစေရန် ရည်ရွယ်သည်ဟု သူက ဆိုသည်။
စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် [...]

ဒေါ်စု လွတ်လာမည်အထင်ဖြင့် ပါတီလူငယ်များ ရုံးချုပ်ကို သွားကြ

Friday, October 31st, 2008

အထိန်းသိမ်းခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် အထင်ဖြင့် NLD လူငယ် ၃၀ နီးပါးက ယနေ့တွင် ရန်ကုန်ရှိ NLD ဗဟိုရုံးချုပ်သို့ သွားရောက်ခဲ့ကြသည်။
ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဝင်များအကြား အပြန်အလှန် တယ်လီဖုန်း သတင်းစကားများ ပေါ်ထွက်လာပြီးနောက် ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ပါတီရုံးချုပ်သို့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပါတီဝင်လူငယ်များသည် ယခုလို သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။“ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေဆီက ပါတီအဖွဲ့ဝင် လူငယ် ၃၀ နီးပါး ရုံးကို လာမေးကြတယ်။ ရုံးက ပြောလိုက်တာကတော့ အဲဒီကိစ္စက မဟုတ်ပါဘူးလို့ တာဝန်ရှိသူတွေက ပြန်ဖြေခဲ့တယ်” ဟု ယနေ့တွင် ရုံးချုပ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ တောင်ဒဂုံမြို့နယ်မှ NLD ရပ်ကျေးတာဝန်ခံက မဇ္ဈိမကို [...]

ကရင်စခန်းတခုကို စစ်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်

Friday, October 31st, 2008

ကရင်အမျိုးသား အစည်းအရုံး၏ တပ်စခန်းတခုကို ဒီကေဘီအေနှင့် စစ်အစိုးရ ပူးပေါင်းတပ်များက ယနေ့တွင် သိမ်းပိုက်လိုက်သည်။
ကေအန်ယူ၏ စစ်တပ်ဖြစ်သော တပ်မဟာ ၆၊ တပ်ရင်း ၂၀၁ လက်အောက်ခံ တပ်ခွဲ ၃ ၏ ခလယ်လောဆယ်ဒေသရှိ တပ်စခန်းအား စစ်အစိုးရတပ်နှင့် ကရင်အဖွဲ့ကွဲ တခုဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် – DKBA ပူးပေါင်းတပ်ဖွဲ့များက တရက်ကြာ တိုက်ခိုက်ပြီး ယနေ့နံနက် ၁၁ နာရီခန့်တွင် သိမ်းပိုက်သွားခြင်း ဖြစ်သည်။“မနေ့က သူတို့ (ပူးပေါင်းတပ်) ကြိုးစားတယ်ဗျာ။ လက်နက် အကူအညီတွေနဲ့ နအဖ က ပစ်ပေးတယ်။ KNLA (ကရင်တပ်) လူဦးရေ ၁၅၀ လောက်က ခလယ်လောဆယ် စခန်းကို ၀င်လာတယ်။ ဒီနေ့ မနက် [...]

၈၈ ခေါင်းဆောင်များကို မအူပင်ထောင်သို့ ပြောင်းရွှေ့

Friday, October 31st, 2008

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ဦးအား ယနေ့ နံနက်တွင် အင်းစိန်ထောင်မှ မအူပင်ထောင်သို့ ပြောင်းရွှေ့လိုက်သည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုဥာဏ်လင်း၊ ကိုပြုံးချို (ခ) ကိုဌေးဝင်းအောင်၊ ကိုအောင်သူနှင့် ကိုအောင်နိုင်တို့ ယနေ့နံနက် ၇ နာရီခန့်က ဧရာဝတီတိုင်းရှိ မအူပင်ထောင်သို့ ပို့လိုက်ခြင်း ဖြစ်သည်။ဒီမနက် ၇ နာရီကျော်ကျော်လောက်မှာ ထွက်သွားတယ်။ မအူပင်ထောင်ကို ပို့လိုက်တယ် ပြောတယ်။ မိသားစုတွေကလည်း မေးတော့ ထောင်တာဝန်ရှိသူက မအူပင်ကို စုံစမ်းပေးတယ်လေ။ သူတို့ကို အဲဒီထောင်ကို ထုတ်တာ သေချာသွားပြီပေါ့” ဟု ကိုအောင်နိုင်၏ မိသားစုဝင်တဦးက ပြောသည်။
သူက “သူတို့ကို ထောင်ဝတ်စုံ အပြာတွေနဲ့ လက်ထိပ်ရော ခတ်ထားတယ်။ ထောင်ကားနဲ့ တင်သွားတယ်။ အနောက်မှာလည်း ရဲကားတွေ [...]

နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်

Friday, October 31st, 2008

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေနှစ်ဦးကို တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဆိုကာ မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ အပြစ်ပေးလိုက်သည်။
အင်းစိန်ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသော ကြည်မြင့်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်းအပါအ၀င် ၃ ဦးအတွက် ခုခံချေပပေးနေသော ရှေ့နေ ကိုညီညီထွေးနှင့် ကိုစောကျော်ကျော်မင်းတို့ကို ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ကိုစောကျော်ကျော်မင်းသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။
“ကိုညီညီထွေး တယောက်တည်း လာတာပါ။ ကိုစောကျော်ကျော်မင်း မလာဘူး။ မနက် ၁၁ နာရီလောက်မှာ မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် [...]

မြန်မာစစ်တပ် လက်တွင်းမှ ကလေးစစ်သားကို ကယ်တင်ခြင်း

Friday, October 31st, 2008

မောင်မျိုးအောင် (အမည်ပြောင်းထားသည်) ကို သူလွန်ခဲ့သော ၃ လကျော်က အိမ်မှ ထွက်ပြေးသွားအပြီး စစ်တပ်ထဲ ရောက်သွားသည်ကြား၍ မိသားစုက သွားခေါ်သောအခါ သူသည် ဤလေ့ကျင့်ရေး စခန်းတွင် စစ်သင်တန်း တက်နေသည်မှာ ၃ လသာ ရှိသေးသည်။
မိသားစုက တပ်ထဲမှ ထွက်ခွင့်ရရန် ခွင့်တောင်းဘို့ သူနှင့် စကားပြောနေစဉ် သူ့မျက်လုံးများက အကြီးအကျယ် နောင်တရနေကြောင်း ဖေါ်ပြနေသည်။ သူ့ကံကြမ္မာအပေါ် စိတ်ထိခိုက်ခြင်းနှင့် သူ့ဘဝကို ပြောင်းလဲလိုသည့် ဆန္ဒများကို အတိုင်းသား တွေ့နေရသည်။
သို့သော် သိပ်နောက်ကျသွားပါပြီ။ စစ်ကိုင်းတိုင်း ဝန်းသိုမြို့ အရာတော်အခြေစိုက် ခလရ ၁၁၁ မှ အရာရှိများက “သူ (မျိုးအောင်) ဒီ ၄ လသင်တန်း ပြီးတော့မှာမို့ ဒီစခန်းက ထွက်လို့မရဘူး” ဟု [...]

ကေအန်ယူ တပ်မဟာ(၆) နယ်မြေမှာ ဒီကေဘီအေနှင့် တိုက်ပွဲဖြစ် ကေအန်ယူ(၂၀၁)စခန်းကိုသိမ်းဖို့ကြိုးပမ်းမှုမအောင်မြင်

Friday, October 31st, 2008

ယနေ့ နံနက်(၅)နာရီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၊ တပ်မဟာ(၆)နယ်မြေအတွင်း ရှိ တပ်ရင်း(၂၀၁)တပ်စခန်းအား DKBAနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့တစ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာ ကြိုကြားပစ်ခတ်မှုများကြောင့် ဒေသတွင်းအခြေ အနေမှာတင်းမာ လျက်ရှိသည်။(၂၀၁)တပ်စခန်းလက်အောက်ခံ တပ်ခွဲ(၃)အခြေစိုက်ရာ (ခလုန်းလောင်ချယ်)စခန်းသည် မဲဆောက် မြို့မှ တောင်ဘက် ကီလိုမီတာ (၁၄၀)အကွာ အုန်းဖန်မြို့နယ်တဖက်ကမ်း နယ်စပ်မျဉ်းမှ မြန်မာ ဘက်အခြမ်း (၅)ကီလိုမီတာ အကွာအဝေးတွင်ရှိသည်။ ထိုင်းဘက်ခြမ်းရွာမှာ မယ်ပလောခီးထိုင်းရွာ ဖြစ်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၁)လက်အောက်ခံ တပ်ခွဲ(၃)မှ အရာခံဗိုလ် စောထိခုက
“ဒီမနက် ငါးနာရီမှာ DKBA တပ်ရင်း (၃၃၃)၊ (၉၀၇)၊ (၉၀၆)၊ နအဖတပ်တွေ ပူးပေါင်းပြီး ကျနော်တို့ တပ်ခွဲ(၃)စခန်းနေရာကို တက်သိမ်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျနော်တို့ထောင်ထားတဲ့ မိုင်း(၅)လုံး ပေါက်ကွဲပြီး သူတို့ရှေ့ဆက်မတက်ရဲတော့ဘူး။ နအဖစစ်တပ်က အနောက်ကနေပြီး (၈၁မမ)၊ (၇၅မမ)၊ [...]

NLD လူငယ် အကျိုးဆောင် ရှေ့နေ အဖမ်းခံရ

Thursday, October 30th, 2008

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အတိုက်အခံပါတီရဲ့ ပါတီဝင်တွေကို အကာအကွယ်ပေးတဲ့ ရှေ့နေ တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကိုညီညီထွေးကို ရန်ကုန် လှိုင်သာယာ ရဲစခန်းမှာ ရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ USCB အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ ထုတ်ဖော် ပြောဆိုလိုက်တာပါ။
ကိုညီညီထွေးနဲ့အတူ ရှေ့နေတစ်ဦး ဖြစ်တဲ့ စောကျော်ကျော်မင်း တို့ဟာ လူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် ၁၁ဦးဘက်က ကာကွယ်ပြောဆိုခဲ့တယ်လို့ USCBက ပြောပါတယ်။ ၂၀၀၇ခုနှစ် ဂျူလိုင် ၁၉ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားကို ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ကြရာမှာ အဲဒီလူငယ် ၁၁ဦးကို ဖမ်းဆီးခဲ့တာပါ။ [...]

၈၈ ကျောင်းသားခေါင်းဆောင် (၉)ဦးကို ထောင် (၆)လစီ ပြစ်ဒဏ်ချ

Thursday, October 30th, 2008

ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် (၉)ဦးတို့အား တရားရုံးကို မထီမဲ့မြင်လုပ်မှုဖြင့် ယမန် နေ့က အင်းစိန်ထောင်တွင်း သီးသန့်တရားရုံး၌ ထောင် (၆) လစီ ချမှတ်လိုက်ကြောင်း ၎င်းတို့အတွက် အမှု လိုက်ပေးနေသည့် ရှေ့နေ ဦးအောင်သိန်းကပြောသည်။ကျောင်းသားခေါင်းဆောင် (၉)ဦးအနက် မင်းကိုနိုင်၊ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူ၊ ကိုလှမျိုးနောင်နှင့် ကိုအောင်နိုင်တို့ပါဝင်သည်။ ကျောင်းသားခေါင်းဆောင်များက တရားခွင်၌ မိသားစုကြားနာခွင့်မရသည့်အပေါ်ဆန္ဒပြသည့်အနေဖြင့် ရှေ့နေ များ၏ မေးမြန်းချက်များအား ပြန်လည် ဖြေကြားခြင်း မရှိသဖြင့် တရားရုံးက ပြစ်ဒဏ်စီရင်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ရှေ့နေဦးအောင်သိန်းက “ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ နှစ်ရက်သုံးရက်လောက်ကတည်းကတင်ပြတာပေါ့ဗျာ။ သူတို့ တောင်းဆိုတဲ့ မိသားစုကြားနာခွင့်မရမချင်း ကျနော်တို့ရှေ့နေတွေကို သူတို့နဲ့ပတ်သက်တာ မမေးမြန်းပါနဲ့ သူတို့ လည်း မမေးမြန်းဘူးဆိုပြီး တရားရုံးကို တင်ပြတာရှိတယ်ပေါ့။ အဲဒီအပေါ်မှာ [...]

၂၅ နှစ်အတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးသော မြောက်ကိုရီးယား ခရီးစဉ်

Wednesday, October 29th, 2008

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၏ မြောက်ကိုရီးယား ခရီးစဉ်သည် အရှေ့တောင်အာရှမှ အထီးကျန် မြန်မာနိုင်ငံနှင့် အတွေးအခေါ် ဆင်တူသည့် နိုင်ငံများကို မိတ်ဆွေဖွဲ့သည့် ခရီးစဉ်တခု ဖြစ်သည်ဟု ဆန်းစစ်လေ့လာသူတဦးက ပြောသည်။ထိုခရီးစဉ်သည် နှစ်နိုင်ငံအတွက် သမိုင်းအလှည့်အပြောင်း တခုပင်ဖြစ်ပြီး အထီးကျန်နေသော မြန်မာ စစ်ဗိုလ်ချုပ်များအတွက် တူညီသော အတွေးအခေါ်များကိုမျှ ဝေလက်ခံနိုင်မည့် မိတ်ဆွေရှာဖွေခြင်း တခုအဖြစ်သာ ရည်ညွှန်းသည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ဆန်းစစ်လေ့လာသူ ကိုအောင်နိုင်ဦးက ပြောဆိုလိုက်ခြင်းဖြစ်သည်။“ဦးဥာဏ်ဝင်းရဲ့ ခရီးစဉ်ဟာ သာမန်ခရီးစဉ်တခုပါပဲ။ ဒါပေမဲ့ ဒါဟာ အတွေးအခေါ်တူတဲ့ နိုင်ငံတွေရဲ့ လိုလားမှုတွေကို ပိုပြီး နီးကပ်သွားစေတယ်လို့ ရည်ညွှန်းလိုက်တာပါပဲ” ဟု ကိုအောင်နိုင်ဦးက မဇ္ဈိမကို ပြောသည်။
ဦးဥာဏ်ဝင်းသည် ပြီးခဲ့သည့် တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံယမ်းသို့ ရောက်ရှိခဲ့ပြီး သူနှင့် ရာထူးအဆင့်တူ “ပတ်အူရီချမ်း” က [...]

« Previous Entries