Archive for November, 2008
အကျဉ်းကျသူတွေူရဲ့စာရင်းကိုအောက်ဖော်ပြပါမှာဖတ်နိုင်ပါသည်
Tuesday, November 25th, 2008http://www.ashinmettacara.org
မတရား အနိုင်ကျင့်ခြင်း ခံလိုက်ရသူများ
Tuesday, November 25th, 2008(http://www.zaunglay.co.cc/ မှ ကူးယူထပ်ဆင့်ဖော်ပြသည်)
စီရင်ချက် ချမှတ်ခံရပြီးသူများ စာရင်း
၁ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ ၁၁ နိုဝင်ဘာ ၈၈ [...]
မေတ္တာတရားနဲ့ ခေါင်းဆောင် အရှင်ရာဟုလာ
Tuesday, November 25th, 2008http://bigbbrown.blogspot.comအတ္တဝါဒ ကြီးစိုးတဲ့အမှောင်ကမ္ဘာကို အနတ္တဝါဒ အလင်းရောင်နဲ့ထွန်းညှိဖို့ ၊ အတ္တဝါဒကို အနတ္တဝါဒနဲ့ တော်လှန်ဖို့ ဘုရားရှင်ဟာ သူ့ရဲ့တပည့် ရဟန်းသံဃာတော်တွေကို “ တစ်ကြောင်းတည်းသောခရီးကို တစ်ယောက်တည်းသာ ခရီးနှင်ကြရန် ” မိန့်တော်မူခဲ့ပါတယ်။ဒီနည်းနဲ့ ဗုဒ္ဓရဲ့သာသနာတော်ဟာ အာရှတိုက်ကို ဖြန့်ကျက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါဟာ တကယ့်ကိုလက်တွေ့ကျပြီး ရိုးရှင်းတဲ့နည်းတစ်ခုပါ။ ဒီနည်းရဲ့ လက်တွေ့ကျပြီး ထိရောက်မှု ခွန်အားကြီးမှုတွေကို စဉ်းစားသုံးသပ်ကြည့်ပါ။ မည်သူမဆို ကိုယ့်ရဲ့ ယုံကြည်ချက်ကို အများလက်ခံဖို့ကျင့်သုံးဖို့အတွက် တစ်ယောက်တည်း ဦးဆောင်စတင်ရမည် ဆိုလျှင် ဘယ်အရာတွေရှိသင့်သနည်း ။ ဘယ်အရာတွေရှိရမည်နည်း။
အထက်ပါ ဘုရားရှင်ရဲ့ မိန့်ကြားချက်ထဲမှာ ကိုယ်သာလျှင် ခေါင်းဆောင် ဆိုတဲ့အဓိပ္ပါယ် ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါဟာ နံပတ်တစ် အရေးကြီးဆုံးအချက်ပါ။ အထူးသဖြင့် ရက်စက်ယုတ်မာပြီး ပြည်သူကို သတ်ဖြတ်အနိုင်ကျင့်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို တော်လှန်နေတဲ့ တော်လှန်ရေးသမားအတိုင်းအတွက် အရေးကြီးဆုံးအချက်ပါပဲ။
လူတိုင်းဟာခေါင်းဆောင်၊ဒီနေရာမှာ လူထုခေါင်းဆောင် [...]
စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်
Thursday, November 20th, 2008မဇ္ဈိမသတင်းဌာနသောကြာနေ့၊ ဇွန်လ 20 2008 21:15 – မြန်မာစံတော်ချိန်နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။
စစ်အစိုးရက အစိုးရအဖွဲ့တွင်း အပြောင်းအလဲများကို တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် ကာကယ်ရေး အထူးစစ်ဆင်ရေး ဌာနမှူး (BSO) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်းပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။
ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို ဆိုင်ကလုံးအလွန် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းများကို တာဝန်ယူရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန [...]
ဗီယက်နမ်လို မြန်မာ ဘာကြောင့် မတိုးတက်သလဲ
Thursday, November 20th, 2008http://aungsayarpyi.blogspot.comကွယ်လွန်သွားခဲ့တဲ့ ဗီယက်နမ် ၀န်ကြီးချုပ်ဟောင်း ဘိုဗန်ကီယက်က ဗီယက်နမ်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ရောက်အောင် ဆောင်ရွက်နေချိန် မြန်မာနိုင်ငံမှာလည်း လွတ်လပ်တဲ့ စီးပွားရေး ဈေးကွက်စနစ်ကို စတင်ခဲ့တာပါ။ ဗီယက်နမ်မှာကျတော့ မြန်မြန်ဆန်ဆန် တိုးတက်လာပေမယ့် မြန်မာနိုင်ငံမှာတော့ ဘာကြောင့် မတိုးတက်သလဲနဲ့ ပတ်သက်ပြီး ဦးကျော်ဇံသာက သုံးသပ်ပြထားပါတယ်။
ပထမဦးဆုံးကတော့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဗီယက်နမ် လူမျိုးတွေဟာ သိပ်ကို ရန်ညိုးဖွဲ့ပြီးတော့ စွဲမြဲထားတတ်တဲ့ သူတွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် နယ်ချဲ့ ဗြိတိသျှအုပ်စိုးခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်လောက်ကတည်းက ကုန်ဆုံးသွားခဲ့ပါပြီ။အခုထိ နယ်ချဲ့ ဗြိတိသျှကို ဗမာ အာဏာပိုင်တွေ အထူးသဖြင့် ရန်ညိုးဖွဲ့ပြီး တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗီယက်နမ်မှာ နှစ်ပေါင်းလေးဆယ်လောက်တွင်းက သူတို့ကို ဗုံးကြဲပြီးတော့ တတိုင်းပြည်လုံး ဖွတ်ဖွတ်ညက်ညက် ကြေစေခဲ့တဲ့ အမေရိကန်ကို သူတို့ ရန်သူလို [...]
မုသားနိုင်ငံတော်နဲ့ ပြည်သူ့အရေးတော်ပုံ
Thursday, November 20th, 2008ဦးအောင်ခင်
ခေတ်ပြိုင် မဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။တရုတ်-မြန်မာ ဆရာတပည့်ဆိုသလို ကွန်မြူနစ်ပါတီနဲ့ ဗမာစစ်တပ်ဟာ လိမ်ညာဝါဒဖြန့်တဲ့ နေရာမှာနဲ့ သတင်းထိန်ချန်ကွယ်ဝှက်တဲ့နေရာမှာ အတော်တူပါတယ်။ တိဘက်ပြည်က ဖိနှိပ်မှုတွေကို တရုတ်ပြည်တွင်းမှာ မသိရပါဘူး။ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်သတင်းကို ဗမာစစ်အစိုးရက ဖုံးဖိဖို့ကြိုးစားနေတုန်း တရုတ်မြေငလျင်သတင်းကို လွတ်လပ်စွာ သတင်း ပို့ခွင့်ရတာမို့ ဗမာစစ်အစိုးရ ၀ိုင်းဆဲတာခံရပြီး တရုတ်ကွန်မြူနစ်ကို ၀ိုင်းဝန်းချီးကျူးကြပါတယ်။
ဒါပေမယ့် မြေငလျင်ကြောင့် အစိုးရ အဆောက်အဦတွေမပြိုဘဲ ကျောင်းတွေသာ ပြိုကျပျက်စီး တာကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကျောင်းသားမိဘတွေကို ရဲက နှိမ်နင်းတားမြစ်တာကိုကြည့်ရင် တရုတ်ကွန်မြူနစ်ပေးတဲ့ လွတ်လပ်မှုဟာ ယာယီဝါဒဖြန့်မှုသာ ဖြစ်နေတာ ထင်ရှားတယ်။
ဒီမိုကရေစီအရေးတော်ပုံနဲ့ လူအများအပြား အသတ်ခံရတာတွေကို ပြည်သူတွေမေ့ပျောက် သွားအောင် ကြိုးစားတဲ့နေရာမှာ ဗမာစစ်တပ်နဲ့ တရုတ်ကွန်မြူနစ်ဟာ လုပ်နည်းကိုင်နည်းချင်း တူနေတာ တွေ့ရပါတယ်။ တရုတ်ပြည်မှာလည်း ၀ါဒဖြန့်တာကို ဦးစားပေးတဲ့အတွက် လက်တွေ့ [...]
”ရင်ကိုထိရှလို့ပဲ့ကျလာတဲ့ကဗျာတစ်ပုဒ်”
Thursday, November 20th, 2008http://saungyunela.blogspot.comအမေရေ..မေတ္တာလှေမှောက်သစ္စာတွေကမ်းပျောက်ဂရုဏာတွေခမ်းခြောက်မုဒိတာသစ်ပင်တွေလည်းမပေါက်တဲ့အသူရကာယ်ချောက်နက်နက်မှာသားတို့ဘယ်လောက်ကြာကြာလျှောက်နေရဦးမှာလဲဗျာ…
ကျွန်ဖြစ်နေရတဲ့ခေတ်မှာနွံနစ်နေရတဲ့မွဲပြာပြာဘဝထဲသားတို့လည်းလူတကာတွေလိုဘဲမလတ်ဆတ်တဲ့ကဗျာတစ်ပုဒ်မှာတဝဲခြာခြာလည်ရင်းးလှည့်ဖျားခြင်းတွေရဲ့ကျုံးသွင်းမှုကိုခံနေရမနက်ဖြန်ဆိုတာတွေကလည်းအတိတ်အမှိုက်ပုံထဲလှဲကျင်းအထည့်ခံနေရတယ် အမေ…အမေပြောခဲ့တဲ့ ဒုက္ခလှလှဆိုတာဦးဂျိုနဲ့လားလို့မေးခဲ့တုန်းကပြုံးသွားတတ်တဲ့အမေ့မျက်နှာပေါ်ကအဓိပ္ပာယ်သားတို့ကသိပ်ငယ်သေးတော့နားမလည်ခဲ့မိဆူးစူးတဲ့အခါမှဘဲဆူးမှန်းသိတော့တယ်ပြန်ဝယ်ယူလို့မရနိုင်တော့တဲ့ဘဝရဲ့စာရွက်တွေအပေါ်မှာမင်နီကြက်ခြေခတ်တွေလည်းများခဲ့ပါတယ် အမေ…
ဒီလိုနဲ့အကာလညတွေကနက်တော့သားတို့ရဲ့အေးစက်စက်ကဗျာတစ်ပုဒ်မှာသွေးထွက်သံယိုဒဏ်ရာတွေပိုရှုပ်ပွလာတယ် အမေ…
ဒါတွေအားလုံးဟာဘဝအတွက်အံမဝင်ခွင်မဖက်နိုင်သေးတဲ့စနစ်တကျလွဲချော်ချက်တွေသာဖြစ်ပါတယ် အမေ..
လတ်တလောရလာတဲ့ရလာဒ်တွေမှာမျှော်လင့်ချက်နဲ့အသက်ဆက်ချင်တဲ့ကမ္ဘာအထပ်ထပ်အခါခါရှုရှိုက်ချင်တဲ့အငွေ့အသက်တရှိုက်မက်မက်တမ်းတချင်တဲ့နွေးထွေးမှုတနံတလျားပြုစုထားချင်တဲ့ပန်းတခင်းရှင်သန်ခြင်းတွေကိုဟစ်ထုတ်ချင်တဲ့တေးတပုဒ်”အို…ဒါတွေတခုမှမပါသေးပါလား” အမေ ..
တချို့ကအနှစ်နှစ်ဆယ်တချို့ကခြောက်ဆယ့်ငါးဘာတွေများမှားခဲ့ပါသလဲစစ်တုရင်ခုံပေါ်ကလေးထောင့်ကွက်လေးတွေထဲမှာပွန်းရုပ်ကလေးတွေခမြာအခါခါလဲပြိုပေးနေကြရှာရအသဲနှလုံးတွေနဲ့ခဏခဏငိုရဖန်များလို့သားတို့…ကျစရာမျက်ရည်စတွေတောင်ရှားပါးနေပါပြီ အမေ…
အမေတကယ်တော့ ဒါတွေဟာအနှစ်နှစ်အလလအနာဖေးမတက်ဘဲသွေးစိမ်းရှင်ရှင်ဖြာထွက်နေလေတဲ့အိပ်မက်ရိုင်းတစ်ခုရဲ့စာကိုယ်ပိုင်းသာဖြစ်တယ်ဒါဟာ နိဂုံးပိုင်းတစ်ခုမဟုတ်တာတော့သေချာတယ်.အမေ…
အမေ့ကမ္ဘာမှာအမှောင်ထုကြီးစိုးလို့နေပြောက်မထိုး မိုးပေါက်မရွာ နှင်းစက်မကြွေကျပေမယ့်တိမ်ညိုတွေရေဆင်းသောက်မုတ်သုန်ရောက်တဲ့တနေ့မှာပက်ကြားအက်ဆောင်းရင်ဘတ်ကနှင်းစက်တွေတဖျပ်ဖျပ်ကျတဲ့အချိန်ဒါမှမဟုတ်နွေကြိုငှက်တစ်အုပ်လွပ်လတ်တေးကိုဆိုထုတ်တဲ့တနေ့ကျရင်နိဂုံးကောင်းတဲ့ကဗျာတစ်ပုဒ်
မီးပျက်တဲ့ညတစ်ည
Thursday, November 20th, 2008http://winkabar.myanmarbloggers.orgမနေ့ကကျောင်းမှာ မီးပျက်သွားတယ်။ မိုးတွေတအားရွာတော့ မီးကြိုးတွေ ပျက်သွားလို့တဲ့။ ကျောင်းဆိုတော့ သူတို့က မီးစက်ခုတ်တော့ ခဏလေးပဲပျက်ပြီးတော့ ပြန်လာတယ်။ တချို့နေရာတွေကတော့ မှောင်နေတာပေါ့။ ဒီမနက်ကျတော့ အိမ်မှာ မီးပျက်သွားတယ်။ ဟာ..သွားပြီလို့ ဒီနေ့ကကျောင်းမသွားရတော့ တစ်နေကုန်အိမ်မှာ ဒီအတိုင်းပဲထိုင်နေရတော့မယ်ထင်နေတာ။ တော်သေးတယ် ခဏပဲပျက်ပြီးတော့ ပြန်လာတယ်။ ဒါပေမဲ့ ညနေဖက် ၄ နာရီလောက်ကျတော့ တစ်ခါထပ်ပျက်တယ်။ တစ်ညလုံးပျက်သွားတာ မနက်၎ နာရီလောက်မှပဲပြန်လာတော့တယ်။ ဒီမှာက မီးက သိပ်ပျက်လေ့မရှိတော့ မီးလည်းပျက်သွားရော အိမ်တိုင်းမှောင်မဲနေတာပဲ။ မီးမပျက်တာကြာတော့ မီးပျက်သွားတော့ နေလို့တော့ကောင်းတယ်။ အထူးအဆန်းလိုပဲ။ အရင်ရက်တွေဆို မီးလာတဲ့အချိန်တွေဆိုရင် လူတိုင်းလိုလိုက အိမ်ပြန်ရောက်ရင် တီဗွီကြည့် ကွန်ပျူတာလုပ်နဲ့ အားလုံးစုထိုင်ပြီးတော့ စကားပြောဖြစ်တာ တော်တော်ရှားတယ်။ အခု မီးပျက်သွားတော့ တီဗီလည်းကြည့်မရ ကွန်ပျူတာလည်း လုပ်မရဆိုတော့ ဘာမှလုပ်စရာမရှိသလိုဖြစ်သွားတယ်။ အဲတော့မှပဲ [...]
နအဖတရားသူကြီးတချို့ကို ICCပို့ဖို့ ကမ္ဘာ့တရားရေးဌာနတောင်းဆို
Thursday, November 20th, 2008BBC သတင်းဌာနမှ-
ပုံရိပ်…
Thursday, November 20th, 2008ဆန်ဟောင်းတပြည် ၇ ကျပ်ဆန်သစ် တပြည် ၅ ကျပ်အစိတ်တန်၊ ၃၅ကျပ်တန်၊ ၇၅ကျပ်တန်သမ၀ါယမဆိုင်၊ ရွှေဝါဆပ်ပြာတောင့်ဘယ်သွားသွား ကားခပြားလေးဆယ်။
ကြို့ကုန်းလက်ဖက်ရည်ဆိုင်ဖုန်းမော်၊ စိုးနိုင်၊စိန်လွင် ခြောက်တန်း တစောက်ကန်းကမ္ဘာမကြေဘူးဒေါ်အောင်ဆန်းစုကြည်အိမ်ရှင်မများ သမဂ္ဂ၊ ဦးအောင်ကြီးကျောင်းသားသမဂ္ဂ အုတ်မြစ်ချမယ့် မိန်ခွန်းဒိုင်းဒိုင်း…၊ ဒက်…ဒက်…ဒက်စက်တင်ဘာ ၁၈။ခမောက်၊ စပါးနှံ၊ ပါတီစုံ၅ယောက်ထက် လူပိုမစုရန်မေလ ၂၇ ရက်နေ့၊ ၈၀.၈၂%အကျယ်ချုပ်၊ အကျဉ်းချုပ်
ဆိုကရေးတီးပြိုင်ပွဲ၊ မြင်းခင်းသဘင်အမျိုးသားအားကစားပွဲတော်၊လမ်းဖောက် တံတားဆောက်၊ ဆည်ဖို့မြ၀တီရုပ်သံ၊ ကိုးရီးယားကားဆိုကြမယ် ပျော်ကြမယ်အဖေနဲ့သားများ၊ ဝေလည်းမွှေးကြွေလည်းမွှေး၅၀၀တန်၊ ၁၀၀၀တန်၊ ကြံ့ခိုင်ဖွံ့ဖြိုး
ဦးတည်ချက် ၁၂ ရပ်၊ အချုပ်အခြာအာဏာပြန်လွှတ်၊ ပြန်ဖမ်း၊ နိုင်ငံတော်ရဲ့ စေတနာကြံ့ဖွတ်သင်းလုံးကျွတ် အစည်းအဝေးဆေးတက္ကသိုလ်ဗိုလ်လောင်း၊ အင်ဂျင်နီယာဗိုလ်လောင်းသူနာပြုဗိုလ်လောင်း၊ ၀မ်းဆွဲဗိုလ်လောင်း (အဲလေ…)ကျောင်းပိတ်၊ ကျောင်းဖွင့်၊ ပိတ်ဖွင့်၊ ဖွင့်ပိတ်ဒဂုံတက္ကသိုလ်၊ သန်လျင်တက္ကသိုလ်SPDC ဂျပန်ပြည်လုပ် စာအိတ်ဗုံး။
ဒီကေဘီအေ၊ စောသမူဟဲဟောင်သရော၊ ဘုရားကုန်းဖဒိုအောင်ဆန်း၊ စခုန့်တိန့်ယိမ်းညီလာခံကိုယ်စားလှယ်၊တပ်မတော် စည်းရုံးရေးကော်မတီကလေးစစ်သား၊ ပေါ်တာအိုင်အယ်လ်အို၊ [...]












