နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for December, 2008

“ ဘာတွေ၊ ဘယ်လို ဖြစ်ကုန်ပြီလဲ ”

Saturday, December 27th, 2008

ဘာတွေများ ဖြစ်လာဦီးမည်နည်း။ ဒီမေးခွန်းကို ကျနော်အကြိမ်ကြိမ် မေးပေမဲ့အဖြေကထွက်မလာ။ လမ်းမဆုံးသေးသော်လည်း ရွာကိုလည်း မတွေ.သေး။ နေ့ခင်းကြောင်တောင် လမ်းပျောက်နေသူ တယောက် အဖြစ်။ ကြာတော့လဲ ကြာခဲ့ပြီ။ ဘာတွေ ဘယ်လို ဖြစ်ကုန်ပြီလဲ။ ကျနော် ခဏခဏ တွေးမိသည်။ အဖြေက ကျနော့်ဘ၀င်ကို မကျနိုင်။ ဘယ်သူမှ ဒီမေးခွန်းကို မဖြေနိုင်။ တလောက ဦီးနီတိုး ပြောသည်။ သူတို့ကလဲ သူတို့ အလုပ်ကို လုပ်နေသည်။ အလုပ်က ဘာလဲဆိုတော့ ကုလသမဂ္ဂ နှင့်သက်ဆိုင်သော ကိစ္စ။ သူတို့ကလဲ ဒီထက်ပို ဘာမှ မလုပ်နိုင်။ ကုလသမဂ္ဂဆိုကတည်းက ကိုယ်က အရှူံးနှင့်လည်း ရင်ဆိုင်ရနိုင်သည်။ ရင်ဆိုင်ရဖို့ကလဲ များသည်။ ရင်လဲ ရင်ဆိုင်နေရသည်။ န.အ.ဖ မှာ တရုတ်၊ ရုရှား ရှိသည်။ [...]

လုပ်ဖေါ်ကိုင်ဘက် ရဲဘော်များ၊ ခေါင်းဆောင်များခင်ဗျား

Saturday, December 27th, 2008

ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်လေးထဲမှာ စစချင်း စာကြောင်းတစ်ကြောင်းက ‘‘တိုင်းပြည်အတွက် အနှစ်နှစ်ဆယ်လုပ်ခဲ့ပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တဲ့အခါ ကြိုးတိုက်ထဲမှာ ရောက်နေတယ် ဆိုတာဖြစ်ပါတယ်။
အကျအဆုံးများစွာနဲ့ ယနေ့တိုင် ပန်းတိုင်ကို မရောက်နိုင်သေးဘဲ ဖြတ်သန်းနေရဆဲဖြစ်တဲ့ အနှစ်နှစ်ဆယ်ကာလဟာ ကျနော်တို့အားလုံး ကိုယ့်လက်ရှိအခြေအနေကို အစကနေ အဆုံးတိုင် ပြန်လည်သုံးသပ်ကြဖို့ အင်မတန်လုံလောက်တဲ့ ကာလမှတ်တိုင်တစ်ခုဖြစ်တယ်ဆိုတာကို ငှက်ကုလားအုပ်လို သဲပုံထဲ မိမိဦးခေါင်းကို နှစ်မြှုပ်ပြီး ငြင်းချင်သူတွေရှိလျင် အာဂလူသားပေဘဲ။ အနှစ်နှစ်ဆယ်ဆင်နွှဲပြီးလို့ မအောင်မြင်သေးတဲ့ အလုပ်ကို ပြန်လည် မသုံးသပ်ဘူး၊ ချို့ယွင်းအားနဲချက်ကို မရှာဘူး၊ လုပ်နည်းလုပ်ဟန် မပြင်ဘူး၊ မူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလား၊ လူပိုင်းဆိုင်ရာမှာ အားနဲချက်တွေ၊ ချွတ်ချော်ချက်တွေ ရှိနေသလားဆိုတာကို မသုံးသပ် မပြင်ဆင်ဘဲ အရင်အနှစ်နှစ်ဆယ်ကလို ပိုနေမြဲ ကျားနေမြဲနေကြ လုပ်ကြဖို့သာ အာရုံရှိနေကြမယ်ဆိုရင် [...]

သိုးရေခြုံ ဝံပလွေများ အကြောင်း

Wednesday, December 24th, 2008

နေ့စဉ် အလုပ်အားသည့် အခါတိုင်း ဖတ်လေ့ရှိသည့် သတင်းဌာနများ ဘလော့များ အပြင် တခါတရံတွင် တွေ့မိတွေ့ရာ လင့်များ နောက်လိုက်၍ မဖတ်ဘူးသေးသည် များကိုလည်း လိုက်ဖတ် မိလေ့ ရှိသည်။ မိမိတို့ ဘက်မှ ဘလော့များ ကိုသာမက စစ်အာဏာရှင် ဘက်သားများ ရေးကြသော ဘလော့များကိုလည်း ရောက် သွားသည့် အခါ ဖတ်ကြည့်မိ လေ့ရှိသည်။ ကိုယ်ယုံကြည်သည့် အလုပ်ကိုယ် လုပ်ကြခြင်း သာဖြစ်ပြီး သူတို့ ရပ်တည် ချက်နှင့် သူတို့ဖြစ်၍ ဘာမျှပြောစရာ မရှိပါ။
ထိုအထဲတွင် ထူးခြားသော ဘလော့ တခုကိုတွေ့မိ လိုက်သည်။ ပုံမှန်အားဖြင့် ဘလော့များသည် ဘယ်ဘက်က ရပ်တည်လေ့ ရှိသလဲ ဆိုသည်ကို သူတို့၏ အဖွင့်စာမျက်နှာတွင်ပင် တွေ့ရ နိုင်သည် ဥပမာ နိုင်ငံရေး [...]

ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် မေတ္တာစာ

Wednesday, December 24th, 2008

http://www.irrawaddy.orgအေးချမ်းမြေ့
အံ့သြစရာ ကောင်းလောက်အောင် မိသားစုကို လူထုရှေ့ မကြာခဏ ချပြရှေ့တန်း အတင်ဆုံးသော မြန်မာ့ စစ်ခေါင်းဆောင်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မှတ်တမ်း တင်ရမည် ဖြစ်သည်။
မကြာသေးမီက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်တွင် ပြုလုပ်သွားသော (၅၁) ကြိမ်မြောက် ဗိုလ်လောင်း သင်တန်းဆင်း အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဇနီး ဒေါ်ကြိုင်ကြိုင်၊ သမီး ၂ ယောက်၊ ၎င်း၏ အချစ်ဆုံးမြေး နေရွှေသွေးအောင်နှင့် မြေး မိန်းကလေး တဦးတို့ကို ရှေ့တန်း၌ ဆွဲထုတ် ပြသထားကြောင်း တွေ့ရသည်။[၅၁ ကြိမ်မြောက် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး မိသားစုကို ဤသို့တွေ့ရ (ဓာတ်ပုံ - MNA)]
၅၁ ကြိမ်မြောက် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း [...]

ငတက်ပြား သက်ကျားအိုဝန်ကြီး

Wednesday, December 24th, 2008

စက်မှု (၁) ဝန်ကြီးဌာနနှင့် နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် စိုင်းစံထွန်းနှင့် စက်မှု (၁) ဝန်ကြီးဌာန မြန်မာ့စားသောက်ကုန်လုပ်ငန်းတို့ မကြာခင်က စာရင်းရှင်းကြရာ စိုင်းစံထွန်းဘက်မှ ပေးရန် ငွေ ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် မပေးနိုင်ဖြစ်နေ၏။သို့သော် စိုင်းစံထွန်းပိုင်ဆိုင်သည့် Great Myanmar အချိုရည်စက်ရုံ၏ ရှယ်ယာအတော်များများမှာ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းပိုင်နေ သည့်အတွက် စိုင်းစံထွန်း ကျပ်သန်းပေါင်း (၆,ဝဝဝ) ကျော် ပြန်မဆပ်လျှင် စက်မှု (၁) ဝန်ကြီးဦးအောင်သောင်း မည်သို့ အရေးယူမည်ကို ရန်ကုန် စီးပွားရေးလောကမှ စိတ်ဝင်တစား ဖြစ်နေကြ၏။စင်စစ် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းသည် အသက် (၇၂) နှစ် ရှိသည့်တိုင် လောဘရမက်အကြီးဆုံး ဝန်ကြီးအဖြစ် [...]

ဒါတွေလွတ်လပ်ရေးတိုက်ပွဲလား-ဗိုလ်ချုပ်အောင်ဆန်း

Wednesday, December 24th, 2008

၁၉၄၇ ခု၊ ဧပြီလ ၂ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည် မြေပုံမြို့ သို့  ရောက်ရှိသွားသည်။ည ၈ နာရီခန့် တွင် အလံနီ ကွန်မြူနစ် ဆရာတော် ဦးစိန္တာ ကြီးမှူး ကျင်းပသော လူထု အစည်းအဝေးသို့ ဗိုလ်ချုပ် အောင်ဆန်း တက်ရောက် စကားပြောကြားလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။ယခု ကျွန်တော် လာရတာဟာ ဦးစိန္တာက ဖိတ်လို့  လာတာဖြစ်တယ်။ ဒီညီလာခံမှာ ကွဲနေကြတာကို စေ့စပ်ညီညွတ်အောင် လုပ်ဖို့  ဆိုပြီး ဖိတ်တဲ့အတွက် တခြား အရေးကြီးတာတွေကို ရွှေ့ ဆိုင်းပြီး လာခဲ့ရတယ်။ဒီကျတော့မှ တရားဟောရုံလောက် ရှိတယ်ဆိုတာ သိရတယ်၊ လွတ်လပ်ရေးအတွက်တော့ အရင်ကလဲ တိုက်ခဲ့တယ်၊နောက်လဲ တိုက်မှာဘဲ၊ [...]

ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ ဗမာပြည်ကသယံဇာတများ

Tuesday, December 23rd, 2008

ရဲဘော်ဖိုးသံချောင်း
အမေရိကန်နိုင်ငံလိုဟာကြီးတောင် ဖျတ်ဖျတ်လူးခံရတဲ့ ကမ္ဘာ့စီးပွားရေးကပ်ကြီးက တကမ္ဘာလုံးကို ဒုက္ခပေးခြိမ်းခြောက်နေချိန်၊ အိမ်နီးနားချင်းတွေအားလုံး ကြပ်ပူထိုး၊ ပရုတ်ဆီ ပွတ်နေကြချိန်မှာ ဗမာပြည်က နအဖစစ်ဗိုလ်တွေကတော့ အဖျားခတ်တယ်ဆိုတဲ့ လေသံမျိုး တောင်မဟဘဲ နေသာသပလေညာက လုပ်နေပါတယ်။ သူတို့ထုံးစံအတိုင်း ပြည်ပကို ရောင်းလို့ ရသမျှအကုန်ရောင်း၊ ပြည်တွင်းမှာ အမြတ်တင်လို့ရသလောက် အမြတ်တင်၊ ဘဏ္ဍာရေးမှာလည်း မီးစင်ကြည့်ကဖို့သာ စဉ်းစားထားပြီး ဒူးဗုံထောင်ခေါက်လို့ နှပ်နေပါတယ်။
တကယ်က အခုအခါမှာ ဒီဒဏ်ကို ဗမာပြည်စီးပွားနယ်ပယ်ပေါင်းစုံမှာ စပြီးခံစားနေကြရပါပြီ။ အဲဒီအထဲမှာ အလုပ်သမား ဈေးကွက်၊ ကောက်ပဲသီးဈေးကွက်နဲ့ နယ်စပ်ကုန်သွယ်ရေး လောကစတဲ့နယ်ပယ်တို့မှာ အသိသာ အထင်ရှားဆုံးမြင်တွေ့နေကြရပါတယ်။ နအဖကသာ အသိအမှတ်မပြု၊ ဝန်မခံတာ၊ အခုဗမာပြည်မှာ ရိုက်ခတ်နေတဲ့စီးပွားရေးထိုင်းမှိုင်းမှုကပ်ရဲ့ ဒဏ်ချက်တွေမှာ အင်မတန်စံကျတဲ့ စီးပွားရေးကပ်လက္ခဏာတွေ အပြည့်အဝပါရှိနေပါတယ်။အလွယ်ဆုံးပြောရရင် ပြည်ပကလာဖွင့်ထားတဲ့ စက်ရုံအလုပ်ရုံတွေပိတ်လို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာတွေ စပြီး တွေ့နေရပါပြီ။ [...]

“ နှစ် နှစ်ဆယ်ခရီး၏ ရိုက်ခတ်သံများ ”

Tuesday, December 23rd, 2008

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်၊ စနေနေ့ နေ့စွဲဖြင့်ရေးသော ဒေါက်တာသောင်းထွန်း၏ “ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်မှု မရွေးချယ်မှု ” ဆောင်းပါးကို ဂါမဏိက ဘာသာပြန်ဆို မဇ္စျိမဝက်ဆိုဒ်တွင် ဖော်ပြသဖြင့် ဖတ်ခဲ့ရပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးဖြစ်ပါသည်း။ ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာတွင် နိုင်ဝင်ဘာလ (၁၁) ရက်နေ့ပါ ကေသီစကော့ကလပ်နှင့် အဒြီယန်လဗီတို့ ရေးတဲ့ “ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒါလောက်သူရဲကောင်းကြီး မဟုတ်ပါ ” ဆောင်းပါးတွင် အမှားအယွင်းများ အတော်များများ ပါဝင်နေပါသည်။ ထိုအထဲမှ အထင်ရှားဆုံးအမှားများကို [...]

ဗိုလ်ချုပ်ရူးကြီး သန်းရွှေ၏ စိတ်ကို အဓိပ္ပါယ်ဖော်ကြည့်ခြင်း

Tuesday, December 23rd, 2008

အောင်ဇော်
http://www.irrawaddy.orgမြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းကြောင့် လူအများက ပြစ်တင်ဝေဖန် ရှုံ့ချခဲ့ကြသည်။ သို့သော်လည်း ဤဖြစ်ရပ်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပေါ် လာမည့် အကြီးအကျယ် နှိပ်ကွပ်နှိမ်နင်းမှုများ၏ အစပျိုးလည်း ဖြစ်နိုင်သည်။ ဗိုလ်ချုပ်သန်းရွှေက ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီတွင် သူ့ကိုပြစ်တင်ဝေဖန်နေသူအားလုံးကို နှုတ်ပိတ်၍ ထောင်ထားထည့်ထားရန် ရည်ရွယ်နေသည်။သူ၏ အားနည်းချက်ဟု ဆိုရလေမလား၊ အားကောင်းချက်ဟု ဆိုရလေမလားမသိ။ ယခုဖိနှိပ်နေမှုများသည် ဗိုလ်ချုပ်သန်း ရွှေက လာမည့် ရွေးကောက်ပွဲတွင် သူကို အတိုက်အခံပြုလာမည့် ရန်ဟူသမျှကို အမြစ်ဖြုတ်ချေမှုန်းပစ်မည်ဟု သံန္နိဌာန်ချ ထားကြောင်း သူ့ကိုဆန့်ကျင်ဝေဖန်နေသူများကို သိသာစေခဲ့သည်။
သူ၏ ခေါင်းဆောင်မှုကို ဝေဖန်မေးခွန်းထုတ်လာသူများကို မတန်တရာ ထောင်ဒဏ်များ ချပစ်သည့် ရည်ရွယ်ချက်ကို တစုံ တဦးက အဓိပ္ပါယ်ဖော်၍ ရနိုင်သော်လည်း၊ [...]

မြန်မာ့နိုင်ငံရေးနှင့်မုသဝါဒ( အပိုင်း-၂)

Tuesday, December 23rd, 2008

မြန်မာ့နိုင်ငံရေးအတွက်အဓိကလုပ်ရှားနိုင်သည့်နေရာမှာထိုင်းမြန်မာနယ်စပ်နှင့်ဘင်္ဂံလာဒေ့ရ်မြန်မာနယ်စပ်များသာဖြစ်သည်။ရန်သူကြောက်ရွှံ့ သော တော်လှန်ရေးနယ်များဖြစ်သကဲ့သို့ ရန်သူ၏ပစ်မှတ်ထားအာရုံစူးစိုက်မူ့ ကိုခံနေရသည့်တော်လှန်ရေးနယ်ပယ်လည်းဖြစ်ပါသည်။တတိယနိုင်ငံရောက်နေကြသောလူအများစုတို့ သည်လည်းဒီနေရာများကိုအခြေခံခိုလုံပြီးမှရောက်ရှိသွားခြင်းသာဖြစ်သည်။တကယ်တော့တော်လှန်းသည်ခက်ထန်မာကြောသောလုပ်ငန်းတစ်ခုဖြစ်ပြီးအချိန်ကာလတခုကိုပိုင်းခြားသတ်မှတ်နိုင်သည့်လုပ်ငန်းတခုလည်းမဟုတ်ပေ။ နောက်တခုမှာတော်လှန်ရေးနယ်မြေသည်ကားနူးညံ့သောပန်းခင်းလမ်းတွင်လျှောက်လှမ်းရသည်မဟုတ်ဘဲဆင်းရဲပင်ပန်းသောခရီးလမ်းသာဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းက ” ရဲဘော်တို့ ယခုစစ်မြေပြင်ကိုထွက်ရမယ်၊ဆင်းရဲမယ်၊ကြပ်တည်းမယ်၊အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်”ဟုမိန် မှာခဲ့ပါသည်။ ယနေ့ တော်လှန်ရေးသမားများအတွက်ပါအသုံးဝင်နေသောစကားပင်ဖြစ်ပါသည်။အထူးသဖြင့်မြန်မာ့တော်လှန်ရေးသမားများမှာလွတ်လပ်စွာလုပ်ကိုင်လုပ်ရှားခွင့်ကိုမရရှိဘဲတိုင်းတပါးတွင်ပုန်းကွယ်လျှိ့ ဝှက်စွာလုပ်ကိုင်နေရသူများဖြစ်ပါသည်။နိုင်ငံရေးခိုလူံ [...]

« Previous Entries