နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for March, 2009

Wednesday, March 25th, 2009

March 242009 News
Publish at Scribd or explore others: Periodicals & Report Newspapers [...]

တက်ကြွလှုပ်ရှားသူ

Tuesday, March 24th, 2009

“တက်ကြွ လှုပ်ရှားသူဆိုတာ ဘယ်သူလဲ ….?
တက်ကြွ လှုပ်ရှားသူကို အင်္ဂလိပ်လို Activist လို့ခေါ်ပါတယ်။ မြန်မာဝေါဟာရကို ဘယ်သူက စတင် ဘာသာပြန်လိုက် သလဲ မသိပါဘူး။ ဒါပေမယ့် အလွန်ထိမိတဲ့ စကားလုံးပါ။ အဓိပ္ပာယ် တိကျပါတယ်။ လူအများကို နှိုးဆော်ပေးနိုင်စွမ်း ရှိပါတယ်။ အားတက်သရော ပါဝင် ပူးပေါင်းလိုစိတ် ဖြစ်ပေါ်စေပါတယ်။ ဒီစကားလုံး မြင်တာနဲ့ တာဝန်ရှိသူတွေ မတရား လုပ်နေပြီ၊ တာဝန်တွေ ပျက်ကွက်နေပြီ ဆိုတာ သိကြပါတယ်။ တာဝန်ရှိသူတွေကို ခြောက်ခြား တုန်လှုပ်စေတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။”လူအများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ တာဝန်ရှိသူတွေကို ကန့်ကွက်ဆန့်ကျင်တာ၊ သဘောမတူကြောင်း ပြသတာ၊ တောင်းဆိုတာနဲ့ လူအများကို ပညာပေးတာ၊ ကူညီတာတွေဟာ တက်ကြွလှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ဒါမျိုးတွေ လှုပ်နေသူကို တက်ကြွလှုပ်ရှားသူလို့ ခေါ်ပါတယ်။
တက်ကြွလှုပ်ရှားရတဲ့ [...]

မြိတ်ကျွန်းစုလေးတွေကို Vote ပေးကြမလား မောင်ရဲခေါင် (စီလီကွန် လွင်ပြင်)

Tuesday, March 24th, 2009

San Francisco Bay Area ရှိ လူငယ် ဗုဒ္ဓဘာသာ သင်တန်း တစ်ခုတွင်ဖြစ်ပါသည်။ လူငယ်သင်တန်း ဆိုပေမယ့် အမေရိကန်ပြည်တွင် ကြီး၍အင်္ဂလိပ် စကားသာ အဓိကပြောသော အသက် (၁၀) နှစ်မှ (၁၇) နှစ်ခန့် အထိ အရွယ်စုံ ပါဝင်သော မျိုးဆက်သစ် မြန်မာ လူငယ်လေးများ အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မြန်မာ့ ယဉ်ကျေးမှု ရေးရာများကို အဓိက မိတ်ဆက် သင်ကြားပေးသည့်လစဉ်သင်တန်း တစ်ခု ဖြစ်ပါသည်။ ထို တစ်လက မြန်မာ့ ယဉ်ကျေးမှု မိတ်ဆက်ကဏ္ဍ အတွက် ကျွန်တော့် တာဝန်ကျရာ ယဉ်ကျေးမှုများအား အမိ မြန်မာပြည် အကြောင်းကို အရင် မိတ်ဆက်ပြောပြရန် ပြင်ဆင်ထားမိသည်။သင်တန်းမစမီတွင် သင်တန်းသူ၊ သင်တန်းသားလေးများအား [...]

ဗိုလ်သန်းရွှေ၏ ရွေးချယ် ဆက်ဆံသည့် သံတမန်ရေး

Tuesday, March 24th, 2009

ဗိုလ်သန်းရွှေ၏ ရွေးချယ် ဆက်ဆံသည့် သံတမန်ရေး အောင်ဇော်
အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်တွင် အာဏာရလာချိန်မှစ၍ သတင်းများအရ ကမ္ဘာ့အင်အားကြီး နိုင်ငံနှင့် ပျက်ယွင်းနေရသည့် ဆက်ဆံရေး ကိစ္စကို ပြန်လည် ပြင်ဆင်နိုင်ရန်မြန်မာစစ်ဗိုလ်ချုပ်များက ကြိုးပမ်းနေခဲ့ကြသည်ဟု ဆိုပါသည်။ အလားတူပင် ၀ါရှင်တန်ရှိ အစိုးရကလည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ သူတို့ ချမှတ် ကျင့်သုံးနေသည့် မူဝါဒများကို ပြန်လည်သုံးသပ်နေသည်ဟု ဆိုလာခဲ့သည်။
မည်သို့ပင် ဖြစ်စေ၊ နေပြည်တော်ရှိ မြန်မာစစ်အစိုးရနှင့် ဆက်ဆံရမည့်ကိစ္စမှာ အိုဘားမား အစိုးရအတွက် လွယ်ကူလှ သည့် ကိစ္စတော့ မဟုတ်ပါ။ ပို၍ ဆင်ခြင်ပိုင်းခြားမှုရှိသော၊ မဟာဗျူဟာကျသော ချည်းကပ်မှုမျိုးပြုရန် လိုအပ်ပြီး သတိ ကြီးကြီးထားရန်လည်း လိုအပ်ပါသည်။လွန်ခဲ့သည့် ဆယ်စုနှစ် ၂-ခုအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင်များက အာဏာတပြားသားမျှ လက်လွှတ်လျှော့မပေး [...]

ခံစစ်သေ

Tuesday, March 24th, 2009

အောင်သူငြိမ်းမှဧရာဝတီဘလော့ဂ်မာနယ်ပလောမှ ရရှိလာသည့် သင်ခန်းစာဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အခြေအနေတို့ကို နှိုင်းယှဉ်သုံးသပ် မိသည်။ မာနယ်ပလော၏ နေ့များကို မှတ်မှတ်ရရ ကျနော်သတိရနေသေးသည်။ မာနယ်ပလောဆိုသည်က ကရင်ပြောက်ကျား ၃,၀၀၀ ခန့် နေထိုင်သည့် တောရွာကြီးဖြစ်သော်လည်း၊ သေနင်္ဂဗျူဟာအရ အချက်အခြာကျသည့် နေရာတွင်ရှိနေသည်။ သံလွင်မြစ်နှင့် သောင်ရင်းမြစ်အကြား သွယ်တန်းတည်ရှိနေသည့် မြေပြင်ဖြစ်ပြီး၊ သဘာဝတောင်တန်းများ ကာရံထား သောကြောင့်လည်း အရောက်အပေါက် ခက်ခဲသည့်နေရာ ဖြစ်သည်။မာနယ်ပလောက တိတ်ဆိတ်ငြိမ်သက်နေရာမှ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုကို အကြမ်းဖက်ချေမှုန်းခံရ အပြီး၊ ကျောင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက လာရောက်ပူးပေါင်းကြသောအခါ သက်ဝင်လှုပ်ရှားလာခဲ့သည်။ ဒီမိုကရေစီရေး တိုက်ပွဲဆက်ရန် မြို့ပြမှ ကျောင်းသားများကလည်း တိုင်းရင်းသား လက်နက်ကိုင်သူပုန်အင်အားစုများနှင့် ပူးပေါင်းခဲ့ကြသည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင် [...]

င့ါတိုင်းပြည်လေးမှာ

Sunday, March 15th, 2009

ပြန်လာခဲ့ပါ အချစ်ရယ်ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်
ပြန်လာခဲ့ပါ အချစ်ရယ်ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်လမ်းဘေးက ရေအိုးစင်တွေမှာရေအပြည့်ရှိနေတက်ပါတယ် ။
ပြန်လာခဲ့ပါ အချစ်ရယ်ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်
ပြန်လာခဲ့ပါ အချစ်ရယ်ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်
မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကိုငါ မက်မောပါတယ်ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေမိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေကလေးက အစ ” ဟလို ” ဆိုတဲ့ အကြောင်းတွေမင်းပြောပြတိုင်း ငါမက်မောပါတယ်
ဒါပေမယ့်…..အချစ်ရယ်ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်
ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲကကာပူချီနိ ထက်အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်ကအကြမ်းရေ ကို ငါပိုမက်မောတယ်
မက်ဒေါနယ်နဲ့ ကိုကာကိုလာကိုမင်းသောက်နေချိန်မှာဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်
အသားညှပ်ပေါင်မုန့်ထက်ငါးပိရည်နဲ့ [...]

မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးပင်

Sunday, March 15th, 2009

တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း ‘သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ’ လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။
အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။ ‘မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်း နှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ ဖြစ်လိမ့်မယ်’ လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။အလုပ်ပေါင်းစုံ သူလုပ်ခဲ့တယ်။ အလုပ်တိုင်း တစ်ဝက်တစ်ပျက်နဲ့ ထုတ်ခံလိုက်ရတာချည်းပဲ။ စိတ်ပျက်အားငယ်ပြီး အိမ်ပြန်လာတဲ့ သူ့ကို အမေက အပြစ်မတင်ဘဲ အမြဲနှစ်သိမ့် အားပေးခဲ့တယ်။
သူအသက် [...]

အထူးသတိထားရမယ့် အချက်တစ်ချက်

Sunday, March 15th, 2009

အင်တာနက်ဆိုင်တွေမှာ သွားသုံးတဲ့အခါ အထူးသတိထားရမယ့် အချက်တစ်ချက်ရှိပါတယ်။အဲဒါကတော့ ကိုယ်သုံးမယ့် Keyboard ကြိုးနဲ့ Computer System Unit နဲ့ ချိတ်မယ့် ပလပ်ပေါက်မှာ အနက်ရောင် Device လေးတစ်ခု ခံထားပြီဆိုရင် အဲဒီ ကွန်ပျူတာမှာ မသုံးပါနှင့်တော့။
အဲဒီ Black Device က ကိုယ်ရိုက်သမျှ အက္ခရာဂဏန်းတွေ အားလုံးကို သိုမှတ် သိမ်းဆည်းလိုက်တဲ့အတွက် သုံးတဲ့သူ Keyboard မှာ ရိုက်သမျှ အားလုံးမှတ်ထားလိုက်ရော။ ကိုယ့်ရဲ့ Email Password အပါအ၀င် အဲဒီနေ့ သုံးသမျှ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ အားလုံး ခိုးယူခံထားပြီသာမှတ်။ ခရက်ဒစ်ကဒ်၊ ဘဏ်စာရင်းတို့သုံးပြီး Online ပေါ်မှာ ၀ယ်ချင်တာ ၀ယ်လို့ရတဲ့ နိုင်ငံတွေမှာတော့ ပိုဆိုးတာပေါ့။ ခရက်ဒစ်ကဒ် နံပါတ်တို့၊ ဘဏ်စာရင်းနံပါတ်တို့ ရိုက်ထည့်လိုက်တာနဲ့ ခိုးပြီးသားပဲ။ [...]

Sunday, March 15th, 2009

souls of 88
Publish at Scribd or explore others:

တာဝန်ရှိကယူရမည်

Sunday, March 15th, 2009

တာဝန်ရှိကယူရမည်
ရေမလာလို့မီးကပျက် နအဖအခက်၊
ထကြွကြလော့ခွပ်ဒေါင်းတွေ အချိန်အခါကျရောက်ပေ၊
နေရာအနှံ့သပိတ်မှောက် ငရွှေမြောင်းထဲအရောက်၊
ဘုန်းကြီးသတ်တဲ့အပုပ်ကောင် လဒမစားပေါင်၊
ဘုရားတည်လည်းမရနိုင် သံသရာကိုတိုင်၊
ကြိုင်ရွှေမပါအဆစ်ရ အဝေဇိမှာဂျိုးကပ်ဟ
ဂျိုးကပ်ဟ ဂျိုးကပ်ဟ။ ။
(ရဲရင့်ငယ်-ကိုဖုန်းမော်နှစ်ပတ်လည်နေ့)

« Previous Entries