နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for December, 2009

ဒိုင်နာကစ နေပြည်တော် မီးလောင်မည့် ၂၀၁၀

Thursday, December 31st, 2009

ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲနေသော ခရီးသည်တင် ဒိုင်နာယာဉ်လိုင်းများသည် ၂၀၁၀ ဇန်န၀ါရီ (၁) ရက်မှစတင်၍ မြို့တွင်း ပြေးဆွဲခွင့်မရှိတော့ဘဲ မြို့ပြင်၌သာ ပြေးဆွဲရတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ (မထသ) တာဝန်ရှိသူတဦးက ပြောသည်

ဗြိတိန်ဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့

Thursday, December 31st, 2009

NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၉
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရဲစွမ်းသတ္တိကို ချီးမွမ်း ဂုဏ်ပြုလိုက်ကာ ဒီမိုကရေစီရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည့်အကြောင်း ပေးစာတစောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဖို့ဒ်ဝိန်းသို့ ရောက်သော မြန်မာ လျော့နည်းသွား

Wednesday, December 30th, 2009

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၁၆ နာရီ ၃၅ မိနစ်
အမေရိကန်နိုင်ငံ ဖို့ဒ်ဝိန်းမြို့သို့ သွားရောက် အခြေချ နေထိုင်သူ မြန်မာဒုက္ခသည် အရေအတွက်မှာ ၂၀၀၉ ခုနှစ်တွင် လျော့ကျ သွားခဲ့သည်။
အောက်တိုဘာ ၂၀၀၈ ခုနှစ်မှ အောက်တိုဘာ ၂၀၀၉ ခုနှစ်အတွင်း မြန်မာဒုက္ခသည် ၃၀၀ ခန့်သာ အခြေချ နေထိုင်ခဲ့ရာ အကူညီပေးရေး အဖွဲ့အစည်းများက မျှော်မှန်းထားသည်ထက် ထက်ဝက်ခန့် လျော့ပါးခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၀၉ ခုနှစ်သည် တနှစ်အတွင်း လာရောက် အခြေချသော မြန်မာဒုက္ခသည် အရေအတွက် တတိယ အများဆုံးနှစ် ဖြစ်နေသေးသော်လည်း ၂၀၀၇ ခုနှစ်က [...]

ဒေါ်လာသန်း ၆၄၀ ကျော် လက်နက် ရောင်းရန် ရုရှား သဘောတူ

Wednesday, December 30th, 2009

မုံပီး | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉ ခုနှစ် ၁၂ နာရီ ၁၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ်နိုင်ငံအကြား အကြီးမားဆုံးသော လက်နက် ရောင်းချမှုဖြစ်သည့် ယူရို သန်း ၄၅၀ (အမေရိကန် ဒေါ်လာ ၆၄၁ သန်း) တန် MIG 29 တိုက်လေယာဉ် အစီး ၂၀ နှင့်MI 35 ရဟတ်ယာဉ်များကို ရုရှားက ပေးပို့သွားမည်ဟု သိရသည်။

ကျမ တို့၏ လူထုခေါင်းဆောင် အပေါ်ယုတ်မာ ကောက်ကျစ် သော ဒေါ်လဲ့လဲ့နွယ်သိန်းအကြောင်း တစ်ပိုင်းတစ်စ

Wednesday, December 30th, 2009

ဒေါ်လဲ့လဲ့နွယ်သိန်းနှင့်ပတ်သက်ပြီး သိသလောက် ပြောပြပါရစေ …
ဒေါ်လဲ့လဲ့နွယ်သိန်းရဲ့ အဖေက မော်လမြိုင်မှ တရုတ်လူမျိုးပါ။ သူ.အမေကတော့ တနင်္သာရီကဘဲ မွန်အမျိုးသမီး။ သူဟာ မောင်နှစ်မ (၅) ယောက်အနက် အကြီးဆုံး မော်လမြိုင် မော်တလိမ်း ကျောင်းက ဆယ်တန်းအောင်ပြီး တက္ကသိုလ်မှာ Zoology နှင့် ဘွဲ.ရပါတယ်။
သူ.မိသားစုဟာ ရန်ကုန်ကိုပြောင်းလာပြီး ပြည်လမ်းမ လေဟာပြင်ဈေး(ဟောင်း)မှာ ဆေးရောင်းပါတယ်။သူ.နာမည်ရင်းက သိန်းလဲ့နွယ် လို.ခေါ်ပါတယ်။ သိန်းလဲ့နွယ်ရဲ့အမေဟာ ယောက္ခမဖြစ်သူ တရုတ်မိသားစုရဲ့ အသိအမှတ်ပြုခြင်း မခံရလို. သိန်းလဲ့နွယ် ဘ၀မှာ ခံစားချက်ရှိခဲ့ပါတယ်။

မြန်မာ့အရေး ဆွေးနွေးပွဲ ရန်ကုန်တွင် ကျင်းပမည်

Wednesday, December 30th, 2009

နယူးဒေလီ (မဇ္စျိမ) ။ ။ မြန်မာ့အရေး ဆွေးနွေးပွဲ တခုကို ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်နိုင်ရန် ဒီမိုကရက်တစ် အင်အားစုတစုက ကြိုးပမ်းလျက် ရှိသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အစီအစဉ် အပေါ် မတူညီ ကွဲပြားသည့် ရှုထောင့် အမြင်များကို စုစည်းကာ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး စသည့် အချက်များပေါ်တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အကြိုဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်မည် ဖြစ်သည်။

တော်လှန်ရေးအစ ဆရာတော်ဦးဥတ္တမက

Wednesday, December 30th, 2009

ရခိုင့်အာဇာနည် အာရှနီဝန်း မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် အသျှင်ဥတ္တမ(နှစ်၁၃ဝ ပြည့်) အထိမ်းအမှတ် (၂၈ ဒီဇင်ဘာ ၂ဝဝ၉)

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေး ထူးချွန်ခဲ့သည်။ ဆရာတော်သည် အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာမှ ရှင်ဥတ္တမ ဘွဲ့အမည်တွင်ခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံရေးစိတ်၊ [...]

သားဦးအရုးသို့ အိပ်ဖွင့်ပေးစာ

Wednesday, December 30th, 2009

ကဗျာဆရာ ကိုအောင်ဝေးဟာ ၁၉၇၆ မတ်လ မှိုင်းရာပြည့် အရေးတော်ပုံ ခေါင်းဆောင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း စည်းရုံးရေးမှုး၊ နွယ်နီ ရနံ့သစ် မိုး နဲ့ မုခ မဂ္ဂဇင်းတို့ ရဲ့ အယ်ဒီတာ၊ ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး မှာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ လူရွှင်တော်ဇာဂနာ တို့နဲ့အတူပါဝင်လှုပ်ရှား ခဲ့သူ ၊ မိုးမခ မန္တလေးဂေဇက် ရတနာပုံနေပြည်တော် သတင်းစာ လွတ်လပ်သောအာရှအသံ အပတ်စဉ်ဆောင်းပါးရှင် ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးအကျဉ်းသားတဦးပါ။
၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေး မှာ သူရေးခဲ့တဲ့ – “3 F” အင်္ဂလပ်ကဗျာ ဟာ ပြည်သူတွေ လူထုလှုပ်ရှားမှုမှာပါဝင်လာစေဖို့ တွန်းအားပေး ကဗျာပါ။

အမှန်တရားသည် သေဒဏ်နှင့်အမိမြန်မာပြည်

Saturday, December 26th, 2009

မြန်မာပြည်ကြီး၏ ကံကြမ္မာသည် အသက်ထွက်ခါနီး လူမမာတစ်ယောက်ပမာ ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေ၊ လူတိုင်းရင်မှာတော့ သောကအထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာကိုယ်စီဆွဲထားခြင်းကိုခံနေကြရပြီ၊ ထမင်းရေတစ်ခွက်ကို နတ်သုဒ္ဓါလိုထင်မှတ်ကာ သောက်ဖို့ချောင်းနေကြတဲ့ သူတောင်းစားခွက်ပျောက်တွေကလဲ အလျှိုလျှိုပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွားအမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်းများစွာနဲ့……….။

အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား

Saturday, December 26th, 2009

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် အန်ဒီအေ (ကချင်) နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်သည့် တပ်မှူး၊ တပ်သား၊ ပြည်သူ့စစ်များအား ၎င်းတို့၏ လက်နက်များကို ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားကြောင်း တပ်မှူးဟောင်းတဦးက ပြောသည်။
၎င်းက “ဦးဆခုံတန့်ယိန်း လက်မှတ်နဲ့ ညွှန်ကြားချက်ထုတ်ထားတယ်။ နယ်ခြားစောင့်တပ်ဖွဲ့မှာ မပါတော့တဲ့ တပ်သားအားလုံးရဲ့ လက်နက်တွေကို စာရင်းနဲ့တကွ အမြန်ဆုံး ပြန်အပ်ကြရမယ်။ ပြီးရင် အရင်က ဗိုလ်မှူးအဆင့်နဲ့အထက် တာဝန်ယူခဲ့သူတွေက လက်နက်ကိုင်ဆောင်ခွင့် ပြန်ပြီး လျှောက်ထားတင်ပြနိုင်တယ်။ အဲဒါ စိစစ်ပြီး သင့်တော်တဲ့သူတွေကို ချပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

« Previous Entries