နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for January, 2010

ပြည်သူထိခိုက်ရန် မိုင်းခွဲခြင်းမဟုတ် ဟု KNPP တုံ့ပြန်ချေပ

Sunday, January 31st, 2010

လက်နက်ကိုင်တော်လှန်ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် မိမိတို့လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်များကို ရဲရဲဝံ့ဝံ့ ပြောဆိုလုပ်ကိုင်လေ့ရှိကြောင်း ပြည်သူတရပ်လုံးသိရှိနားလည်။
အပြည့်အစုံမှာ

ကရင့်တော်လှန်ရေးနေ့အကြို ကေအဲန်ယူ ဥက္ကဌ စောတာမ လာဘော၏ မိန့်ခွန်း, သဝဏ်လွှာ,သံဃာ့နာယကအဖွဲ့နှင့် ပြည်သူသို့ပန်ကြားလွှာ

Thursday, January 28th, 2010

KNU Pre Speech on 61st Karen Revolution Day

သုံးကြိမ် သာဓု အခေါ်မခံထိုက်သူများ

Thursday, January 28th, 2010

လင်ချစ် မယားချစ်၊ သားသမီး ချစ်ထက်၊
တိုင်းတပါးရောက် ပြည်ချစ် စိတ်ထား၊
တော်လှန်များတို့။
မင်းတို့တွေဟာ တို့ပြေ တို့မြေ၊
ပြည်သူတွေတွက်၊ စွန့်ခြင်း ကြီးကြီးစွန့်လို့၊
မကြာခင် တနေ့  ပြည်သူတွေ လက်ထဲ၊
ဒီမိုကရေစီဆိုတဲ့ သကြားခဲလေး၊
ရောက်ရမယ် မှန်းချက်နဲ့  လှမ်းထွက်ခဲ့ကြတုန်းက၊
မင်းတို့ ခြေလှမ်းတွေ ညီလိုက်တာ
သာဓု တကြိမ် ခေါ်မိ၏။

အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ ပခုံးပေါ် ကျရောက်နေပြီလဲ?

Thursday, January 28th, 2010

၂၀၁၀မှာ သားသုံးသားနဲ့ ပြည်သူညီ ဒီမိုကရေစီ ရမည့်အောင်ပွဲ ဖြစ်လာစေရန် အားလုံးလက်တွဲကြစို့
အပြည့်အစုံမှာ

ရွှေရတုအကြို မွေးနေ့ဆုတောင်း

Wednesday, January 27th, 2010

သူရတီတိ ရဲရင့်၏ကြောင့်
သူ့ကိုခေါ်ကြ ကိုသူရ။
သူရတိ-ဒိဗ္ဗတီတိ ထွန်းလင်းတောက်ပ သူ့ဗီဇကြောင့်
မိတ်ဆွေတွေသုံး ကိုကတုံး။
အသိတရားတွေ အိပ်ပျော်စေခဲ့တဲ့
မဆလစနစ်ကို ဖြိုပစ်သင့်ကြောင်း
ဟိုကောင်စီလဲမကောင်း ဒီကောင်စီလဲမကောင်း ဆိုတဲ့
ပြက်လုံးအလင်းရောင်နဲ့
ဒီ(မဆလ)စနစ်ကြောင့် ဒုက္ခရောက်ကြောင်း
အမှောင်ခေတ်မှာ စမ်းတဝါးဝါး သွားနေရတဲ့
တေဇ ရှေ့ဆောင် လူချွန်မောင်နဲ့
ပြည်သူမိဘ သတိရကာ
ဖုတ်ဖက်ခါထ တော်လှန်ကြပြီး
ရှေ့သို့မျှော်ရည် ဒီမိုကရေစီ။
ပြည်သူတို့လိုလားတဲ့
လွတ်လပ်ပြီး တရားမျှတတဲ့ဘဝ
အမြန်ရစေဖို့
တိုင်းပြည်နဲ့ လူထုအတွက်
ပေးလှူထားတဲ့သူ့အသက်ဟာ
ယနေ့မှာ ရွှေရတုအကြို တနှစ်လို၊
တိုင်းပြည်နဲ့ လူထုအတွက်
လှူထားတဲ့ သူ့အသက်ကို
တိုင်းပြည်အုပ်ချုပ် ဂျိုကုတ်တွေက
ရွှေရတုလွန် ကိုးနှစ်ကျွံအောင်
ထောင်နန်းစံစေ ဂုဏ်ပြုလေ၏။
တိုင်းပြည်နဲ့လူထု အကျိုးပြုမယ့်
သားကောင်းရတနာ ဇာဂနာ
တရားမျှတ လွတ်လပ်တဲ့ဘဝနဲ့
ကျမ္မာရွှင်လန်း ရှေ့ဆက်လှမ်းစေကြောင်း
ဆုမွန်ဆန္ဒပြုလိုက်ပါသည်။
နတ်လူသာဓုခေါ်စေသော်
A.B.M.A

လူထုများစွာ ချမ်းသာရေးမို့ အသက်ပေးလို့ ဖြည့်ကြမည်

Tuesday, January 26th, 2010

ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့လွန်ခဲ့တဲ့လေးသင်္ချေနဲ့ကမ္ဘာတသိန်း လွန်ကာလတုန်းကလူမျိုးပေါင်းစုံနဲ့အလှူရေစက်လက်နဲ့မကွာ လူတိုင်းပျော်ရွှင် နေချင်စရာ အမရ၀တီလို့ခေါ်တဲ့ မြို့မှာ လက်နက်အားကိုးနဲ့ တိုင်းပြည် အာဏာ မတရားသိမ်းပြီးတိုင်းပြည်သယံ ဇာတတွေကို ခိုးယူရောင်းစား တိုင်းသူပြည်သားတို့ရဲ့ ချွေးနဲစာတွေပါ လက်နက်နဲ့အာဏာပြ တိုက်ယူပြီးမှ ဒေါ်လာရွှေငွေမြင်ဖူးလေတဲ့ဂျိုဂုတ်ချီးတွေလိုမဟုတ်ပဲ မွေးကတည်းက ရွှေလင်ပန်းနဲ့နံ့သာရေဖြင့်အချင်းဆေးကာ ဘိုးစဉ်ဘောင်ဆက် တတ်သိပညာ နဲ့ (စစ် တပ် ကအကောင်တွေနဲ့ သိ ပြီးအ ပြင် လူထုထံက ညာ စားခြင်းမဟုတ်) ရွှေငွေကုဋေပေါင်းများစွာ ပိုင်ဆိုင်ထားပြီး လက်နက် အာဏာဆိုတာဓမ္မကိုအဓမ္မလုပ်ရာမှာအသုံးပြုဖို့သာသိတာမဟုတ်ပဲ လောကသဘာဝဓမ္မမှာ အထွဋ်အထိပ်ရောက် တတ်မြောက်တဲ့ သုမေဓာ လို့ခေါ်တဲ့ လုလင်တယောက် ရှိခဲ့တယ်။

ဘာသာရေးအသိဖြင့် နိုင်ငံရေးသတိရှိစေဖို့

Tuesday, January 26th, 2010

မည်သည့်ဘာသာအယူဝါဒကိုမျှ ယုံကြည်ကိုးကွယ်ခြင်းမရှိပဲ လက်နက် နှင့် အာဏာကိုသာ ၎င်းတို့၏ကိုကွယ်ရာအဖြစ် ခံယူထားသော နအဖ အာဏာရူးတို့၏ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးနှင့် ပြည်သူလူထု မငြိမ်သက်မှုဖြင့် စစ်အာဏာတည်မြဲစေရန် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ကို ပြည်သူလူထု တရပ်လုံးသိရှိရန်လိုအပ် ပါသည်။
အပြည့်အစုံမှာ

ရှမ်းပြည်လူငယ် ဒီမိုကရက်တစ် အင်အားစုများ မှ တိုင်းရင်း သား ပြည်သူလူထု အားလုံးသို့ ပန်ကြားလွှာ ပေးပို့

Tuesday, January 26th, 2010

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့စွဲဖြင့် ဖြန့်ဝေသော ရှမ်းပြည်လူငယ် ဒီမိုကရက်တစ် အင်အားစု၏ ပန်ကြားလွှာ
အပြည့်အစုံမှာ

နအဖလှည့်ကွက် စည်းရုံးချက်

Monday, January 25th, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဒုဥက္ကဌဗိုလ်ချူပ်ကြီးတင်ဦးနှင့်
အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကို နိုဝင်ဘာလမှာလွှတ်ပေးမည်ဟု
ပြည်ထဲရေးဝန်ကြီး ပြော

ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊
အပြည့်အစုံမှာ

ဦးအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ(၂၄-၁-၂၀၁၀)

Sunday, January 24th, 2010 « Previous Entries