နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for February, 2010

အဓမ္မ၀ါဒီ နအဖအာဏာရူးတွေကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးလည်း ယမ်းငွေ့ ဖုံးလွှမ်းရတယ်

Friday, February 26th, 2010

ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ (မှတ်ချက်။ အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင်ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။)
ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ [...]

ဂါရဝပြု ပူဇော်ကန်တော့ပွဲ ဖိတ်ကြားလွှာ…

Thursday, February 25th, 2010

မျိုးဆက်များက တိုင်တည်ခြင်း
ကြည်ညိုလေးစားတန်ဖိုးထား၍ ဦးခိုက်ပူဇော်ရပါသော
“ဘဘ”တို့ရေ …….
“နောင်လာ နောက်သား ကောင်းစားဖို့ရာ၊ဒို့ကိုယ်ကျိုး လုံးဝမပါ”

ဦးတင်ဦး၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ

Thursday, February 25th, 2010

မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ [...]

ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဦးတင်ဦး တိုက်တွန်း

Wednesday, February 24th, 2010

မြန်မာ့တပ်မတော်အနေနဲ့ အစဉ်အလာ ကောင်းတွေကို ထိန်းသိမ်းပြီး ပြည်သူတွေကို အလုပ်အကျွေးပြုတဲ့ တပ်မတော်အဖြစ် ပြောင်းလဲဖို့ မကြာသေးခင်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ NLD ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက စစ်တပ်အရာရှိတွေ၊ တပ်မတော်သားတွေကို တိုက်တွန်းလိုက်ပါတယ်။ အဘက်ဘက်က ချို့ယွင်းနေတဲ့ တိုင်းပြည်အခြေအနေကို ပြန်လည်ထူထောင်ဖို့ ယုံကြည်မှု တည်ဆောက်ပြီး သဘောတူညီချက်တွေ ရအောင် ကြိုးစားဖို့ လိုတယ်လို့ ဗွီအိုအေ မြန်မာပိုင်းနဲ့ သီးသန့် ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

Oscar ထိပ်တမ်း Burma VJ နဲ့ ရွှေဝါရောင်မှတ်တမ်း

Wednesday, February 24th, 2010

၈၂ ကြိမ်မြောက် အော်စကာဆု ရွေးချယ်ပေးအပ်ပွဲကို လာမည့် မတ်လ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ဆုရွေးချယ်ပေးအပ်မည့် ရုပ်ရှင်အမျိုးအစားမျိုးမျိုးထဲမှ (မှတ်တမ်းတင် ရုပ်ရှင်အမျိုးအစား ) Documentary တွင် ၂၀၀၇ ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရွှေဝါရောင်သံဃာ့လှူပ်ရှားမှုတွင် အကြမ်းမဖက် မေတ္တာပို့တောင်းဆု ဆိုကြသော လက်နက်မဲ့ ရဟန်းရှင်လူပြည်သူလူထုကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ စစ်လက်နက်ကိရိယာ အပြည့်အစုံနဲ့ စစ်သား၊စစ်ဗိုလ် အရာရှိများ၊ ရဲသား၊ရဲအရာရှိများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ မီးသတ်ရဲဘော်များ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နာယကကြီးအဖြစ် ဦးဆောင်ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဖွဲ့ဝင်တို့၏ လူမဆန်စွာ ရက်ရက်စက်စက် သခင်အားရအောင် ကျွန်ပါးဝ၍ စိတ်အေးလက်အေး ကျွမ်းကျွမ်းကျင်ကျင် စနစ်တကျ ရိုက်နှက်နှိပ်စက်မှုကို [...]

ဦးသြဘာသ၏ အမှန်တရားကိုမြင်နိုင်ကြပါစေ (၄)

Wednesday, February 24th, 2010

တင်းကြပ်မှုများကြားက တရားပွဲများ

Wednesday, February 24th, 2010

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်း ဘာသာရေး တင်းကြပ် ချုပ်ကိုင်မှုများကြားမှ လူငယ်အများစု ပါဝင်သော ဘာသာရေး အဖွဲ့များ အသီးသီးပေါ်ပေါက် လာကြပြီး  နေရာအနှံ့ တွင် ကြက်ပျံမကျ တရားပွဲများ ကျင်းပခဲ့ကြသည်ဟု သိရပါသည်။

ဆိပ်ကမ်းမြို့နယ် အတွင်းရှိ ဗိုလ်တထောင်ရင်ပြင်ထဲတွင် တရားပွဲများကို (၁.၂.၂၀၁၀)နေ့မှ (၉.၂.၂၀၁၀)နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ပြီး ဓမ္မဘေရီဆရာတော် ဟောကြားသော တရားပွဲ ဒုတိယမြောက် နေ့ တွင် ဓမ္မဥပဒေ ပြန့်ပွားရေးအဖွဲ့ချုပ် (မြန်မာနိုင်ငံတော်) အဖွဲ့မှ အတွင်းရေး မှုးချုပ်နှင့် အတွင်းရေးမှူး အဖွဲ့ဝင် ကိုလပြည့်ဇင် တို့သည်။ ထေရ၀ါရ သာသနာတော်ကို ဆန့်ကျင်သော မိုးပြာဂိုဏ်း၏ အမှားများကို ထောက်ပြ ရေးသားထားသည့် စာရွက်များကို လိုက်လံ ဝေငှနေစဉ်တွင် အာဏာ ပိုင်များက [...]

အားနာမိပါတယ်

Wednesday, February 24th, 2010

၂၀၁၀ ဖေဖော်ဝါရီ ၁၃ တွင် ရန်ကုန်မြို့တနေရာမှာ ကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မွေးနေ့ အခမ်းအနား

‘‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ရှေ့နေ ဦးဖာသား’’ စတဲ့ ဗိုလ်ချုပ်အကြောင်း ရေးစပ်ထားတဲ့ ကဗျာလေးကို ကျမတို့ မူလတန်းတုန်းက ကျက်မှတ်ခဲ့ရဖူးတယ်။ ကျမတို့ ငယ်ငယ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်ကျောင်းတွေမှာ ကြားခဲ့၊ သင်ခဲ့ရတယ်။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စတဲ့ နေ့တွေမှာဆိုရင် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ ဇာတိမာန်တေးတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။

ကျမတို့ အထက်တန်းကျောင်းကို ရောက်လာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သင်တာ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်း ပြောတာတွေ သိပ်မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် [...]

NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ

Sunday, February 21st, 2010

ဗွီအိုအေတွင် ကြည့်ရှုနားဆင်နိုင်

ရင်ထဲကလာတဲ့ ဂါရဝ

Sunday, February 21st, 2010

၂၀၀၃ခုနှစ် မေ ၃၀ ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုအပြီးတွင် ကလေးထောင်သို့အပို့ခံရကာ နောက်ပိုင်း နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားရာမှ ပြန်လည် လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (ဗိုလ်ချုပ်ကြီး) သူရ ဦးတင်ဦးကို အဖွဲ့ချုပ် ပါတီဝင်တို့ ဂါရဝပြု ကန်တော့ခြင်းဖြစ်၍
နေအိမ်အကျယ်ချုပ်မှလွတ်ပြီးနောက်တနေ့တွင် ရွှေတိဂုံ ဘုရားကိုသွားရောက်ကန်တော့စဉ်ကလည်း ပြည်သူလူထုစုရုံး၍ ကန်တော့ ခဲ့ကြသည်မှာပြည်သူ့ဆန္ဒအစစ်အမှန်ပင်ဖြစ်သည်။

« Previous Entries