နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for March, 2010

ဆရာမဟန ဥက္ကဋ္ဌတော့ သံဃကံအား မဆန်သာ ကံစီမံရာ ခံရရှာလေပြီ

Tuesday, March 30th, 2010

ဦးဝင်းတင်ရဲ့ ရဲဝံ့ပြတ်သား ပြောစကား

Tuesday, March 30th, 2010

အာရှမှာ ပြယုဂ်တခုဖြစ်လာနေသော မြန်မာပြည်

Monday, March 29th, 2010

28/03/2010

သီရိနိုင်ငံတွင် နိုင်ငံတော်အာဏာကို လက်ရှိရယုထားသည့် မဟိန္ဒ အစိုးအရနေဖြင့် နိုင်ငံတော်၏ အဓိက ဖွဲ့စည်ပုံ အခြခံဥပဒေများကို လက်ဆက်ချိုးဖောက်နေပါက များမကြာမီ ကာလအတွင်း နောက်ထပ် မြန်မာနိုင်ငံတနိုင်ငံအဖြစ် ပေါ်ထွန်းလာမှာဖြစ်ကြောင်း အနုရာဓမြို့ အထိမ်းအမှတ်ခန်းမဆောင်တွင် ကျင်းပခဲ့သည် အသိပညာရှင် အတတ်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတခုတွင် ယခင်တရားသူကြီးချုပ်ဟောင်း Sarath Silva မှ မှတ်ချက်ပေးပြောဆိုသွားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြံထွက်ဗူးသီးနှင့် ၂၀၁၀”

Wednesday, March 24th, 2010

(၂၃-၃-၂၀၁၀) နေ့ နေ့လည်ပိုင်းကNLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် အဖွဲ့ဝင်လည်းဖြစ်ပြီး NLD ရဲ့ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ်တဲ့
ရှေ့နေကြီး ဦးဉာဏ်ဝင်းဟာ ရှေ့နေကြီး ဦးကြည်ဝင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဦးဉာဏ်ဝင်းတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် (၃) နာရီခန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး NLD ရုံးကို ညနေ(၄)နာရီကျော်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
NLD ရုံးမှာ သတင်းထောက်အ ချို့နဲ့တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများကို ပြန်လည်ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေနှင့် ရွေး ကောက်ပွဲကော်မရှင် ဥပဒေများ
အပေါ် ဝေဖန်ပြောကြားလိုက်ပြီး NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ရေး ရွေး ကောက်ပွဲဝင်ရေး ကိစ္စများရပ်အပေါ် (၂၉.၃.၂၀၁၀)နေ့မှာ
ပြုလုပ်မယ့် ဗဟိုဦးစီးအစည်းအဝေးမှာ ဒီမိုကရေစီ နည်းကျကျ ဆုံးဖြတ်ကြဖို့ သဘောထားပေးခဲ့ပါသည်။ထူးခြားတာကတော့ အဲဒီနေ့မှာပဲ…
ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းမှ တဆင့် ဗဟိုအမျိုး [...]

အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်အား သြ၀ါဒကထာပေးပို့လိုက်သည်

Wednesday, March 24th, 2010

သို့/
ဦးအောင်ရွှေ (ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် [...]

တရားမျှတမှုကို လက်မခံဝံ့သည့် ဗဟို(မ)တရားရုံးချုပ်

Wednesday, March 24th, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားစွဲဆိုချက် ဗဟိုတရားရုံးချုပ် ပယ်ချ..

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့်
ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ ဗဟိုတရားရုံးချုပ်မှ ပြန်လည်ထွက်ခွာလာစဉ်။
မတ် ၂၃၊ ၂၀၁၀။
ရွေးကောက်ပွဲ ဥပဒေတွေမှာ ပါရှိတဲ့ အချက်တွေဟာ တရားမျှတမှု မရှိတာကြောင့် ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားစွဲဆိုချက်ကို ဗဟိုတရားရုံးချုပ်က လက်မခံ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီအပေါ်မှာ ဘာကြောင့် လက်မခံသလဲ ဆိုတဲ့ အကြောင်းပြချက်ရဖို့ ဆက်ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘာသာရေးအလွဲသုံးစားလုပ်မှု

Wednesday, March 24th, 2010

ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
၂၃/ မတ် ၂၀၁၀
“သာသနာ့ဘေးရန်ကို အာဏာပိုင်ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူအားလုံး လက်တွဲညီညီ ဖယ်ရှားတားဆီးမှသာ သာသနာတော် ထွန်းတောက်မည်ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မိန့်ကြားတော်မှု” တယ်ဆိုတဲ့ ခေါင်းစီးတပ်ထားတဲ့သတင်းကို ဖေဖော်ဝါရီလ (၂၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြတယ်။ တဆက်တည်းမှာပဲ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် (၃) ဘွဲ့ရ ဦးကုမာရရဲ့ ဟောကြားချက်ကို ဖော်ပြထားတယ်။ သြ၀ါဒရဲ့ တ၀က်လောက်က ကျေးဇူးတင်စကားဖြစ်တယ်။ သြ၀ါဒစရိယ ဆရာတော်ကြီးများ၊ သံဃမဟာနာယက၊ သာသနာရေးဝန်ကြီး၊ သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန စတာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အရင်ဆုံးဖော်ပြတယ်။

ပါတီ မှတ်ပုံတင်မည်ကို ဒေါ်စု လက်မခံ နှင့် ယနေ့ နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ အထူးထုတ်ပြန်ကြေငြာချက် အမှတ်-၂ /၀၃ /၁၀

Tuesday, March 23rd, 2010

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်မည့်အပေါ် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က လုံးဝလက်မခံကြောင်း သူမ၏ ရှေ့နေမှတဆင့် ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
“မှတ်ပုံတင်ဥပဒေအရ ပါတီကို ပြန်ပြီး မှတ်ပုံတင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့သဘောထားက ဒီလိုမတရားတဲ့ ဥပဒေ၊ တရားမျှတမှုမရှိတဲ့ ဥပဒေ၊ တဖက်သတ် ဥပဒေအရ မှတ်ပုံတင်ရေးကို သူ လုံးဝ လက်မခံပါဘူးလို့ ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
နေအိမ်တွင် ပြစ်ဒဏ် ၁၈ လဖြင့် အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေ ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့် ရရှိခဲ့စဉ် သူမက [...]

AAPP ၁ဝနှစ်ပြည့်အခမ်းအနား တွင် ဆရာတော် ဦးဇဝန ကျေးဇူးတင်စကားပြောကြား

Tuesday, March 23rd, 2010

မတ်လ ၂၃ ရက်နေ့ တွင် ကျင်းပခဲ့သည့် AAPP  ၁ဝနှစ်ပြည့်အခမ်းအနား တွင် အကျဉ်းထောင်းထဲတွင် ၁၆နှစ်ကျော် နေခဲ့ရသော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုမှ ဆရာတော် ဦးဇဝန မှ “၁ဝနှစ်ပြည့် AAPP မွေးနေ့တွင် စကားပြောခွင့်ရသည့်အတွက် ဝမ်းသာကြောင်း၊ကျေးဇူး တရားသည် ဗုဒ္ဓဘာသာတို့၏ မင်္ဂလာတရားတော်တွင် ပါဝင်ကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျေးဇူးတရားနှင့်ပတ်သက်သော ဇာတ်လမ်းများစွာက နေရာယူထားကြောင်း၊ယ္ခု AAPP ၁၀နှစ်ပြည့် မွေးနေ့ပွဲတွင် AAPPကိုကျေးဇူးတင်စကားပြောလိုကြောင်း၊အုတ်နံရံ အထပ်ထပ်၊သော့ အထပ်ထပ်ကို ဖြတ်ကျော်၍ သောကနှင့် ဒုက္ခကို ရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားများထံသို့ အကူအညီများပေးပို့ခဲ့သည်ကို ကျေးဇူးအထူးတင်ကြောင်း၊အကူအညီများကြောင့် အားမာန်တွေ ဖြစ်ခဲ့ရကြောင်း၊AAPP နည်းတူ ဘုန်းကြီးအကျဉ်းထောင်ထဲတွင် ရှိစဉ် ကူညီပေးခဲ့သော အခြားအဖွဲ့ အစည်းများကိုလည်း ဤနေရာမှ နေ၍ တခါတည်းကျေးဇူးတင်စကား ပါးလိုက်ချင်ပါသည်၊ ထိုအဖွဲ့အစည်းများမှာ [...]

ထားရာနေစေရာသွား အဖြစ်မျိုး.. မိမိအဖွဲ့ရဲ့ ခေါင်းဆောင်ကို အဖွဲ့ကထုတ်ပယ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူးဟု ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို…

Tuesday, March 23rd, 2010

စစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဒီနေ့ပြောဆိုသွားပါတယ်..။
” ဒီနေ့အန်ကယ်တို့ CEC အစည်းအဝေး ပြုလုပ်ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ချုပ် CEC တွေ့ဆုံခွင့် ပေးဖို့အတွက် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်သင့် မတင်သင့် ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်နဲ့ အဖွဲ့ချုပ်ရဲ့အနာဂတ် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ တတ်နိုင်တဲ့ဖက်က ညီညီညွတ်ညွတ်နဲ့ အဖြေထွက်နိုင်အောင် ကြိုးစားကြဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ အချိန်အတော်ကြာအောင် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက [...]

« Previous Entries