Archive for April, 2010
ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် ပါတီပျက်ပြယ်သည်ဆိုတဲ့ ဥပဒေအား တားဝရမ်းထုတ်ပေးရန် တရားရုံးချုပ်သို့စာတင်…
Friday, April 30th, 2010ယနေ့ တရားရုံးချုပ်သို့ အမျိုးသားဒီမိုကရေစီချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံမတင်ရင် အလိုလျှောက် ပျက်ပြယ်မည်ဆိုသည့် ဥပဒေအား တားဝရမ်းထုတ်ပေးဖို့ တရားရုံးချုပ်သို့ တားဝရမ်းတင်ကြောင်း သိရပါတယ်. …။
ဒီလိုအချိန်မျိုးမှာ စကားလုံးတွေနဲ့ ရှုပ်မနေကြဖို့ပဲ လိုတယ် – ဦးဝင်းတင်ပြော
Friday, April 30th, 2010လတ်တလောအခြေအနေမှာ ၂၀၁၀ ရွေးကောက်ပွဲ မ၀င်တဲ့ အင်န်အယ်ဒီရဲ့ ရှေ့ရေးအတွက် ပါတီတွင်း ပါတီပ လူအများက စိတ်ဝင်တစားမေးခွန်းထုတ်နေကြချိန်မှာ စိတ်ရှင်းရှင်းနဲ့ ရင်ဆိုင်ကြဖို့သာ လိုအပ်ချက် အဓိက ဖြစ်ကြောင်း အင်န်အယ်ဒီပါတီရဲ့ ခေါင်းဆောင် ဦးဝင်းတင်က ပြောလိုက်ပါတယ်။ “ပါတီက နိုင်ငံရေးရပ်တည်ချက်ကို မစွန့်လွှတ်ဘူး၊ ပြီးတော့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ငန်း၊ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်လို့ ပြောလိုက်တယ်။ ဒါကို ပါတီက အလံထောင်ပြီး လူမှုရေးလုပ်ရင် ကန့်ကွက်မယ်တို့ ဘာတို့ ပြောလာတာမျိုးတွေ ဖြစ်လာတယ်။ လက်ရှိ [...]
အတွင်းလှိုက်စား ဂုရုများရဲ့ ကျွေးသောလက် လျက်သောစကား
Wednesday, April 28th, 2010အသိဉာဏ်နိမ့်ကျ နအဖ ပေးသော ဂုရုဘွဲ့ရလို့ ပြောလိုက်သည့် ပခန်း ဝိမလာဘိဝံသ ၏
“မြတ်စွာဘုရားဟောပြ ညွှန်ကြားအပ်သော ရာဇအပရိဟာနိယတရားကို လိုက်နာကျင့်သုံးရာရောက်”စသော စကားများသည်
သူကိုးကားသည့် တရားတော်တွင် လုံးဝမပါဝင်ကြောင်း….
ဗုဒ္ဓဓမ္မကို နအဖအလိုကျ ဘယ်လိုဟောလိုက်ကြောင်း…….
ဆရာတပါးလွဲချော်က ဒကာအများ ငရဲခေါ်ရာရောက်သည်မို့……
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသား ရဟန်းရှင်လူ ပြည်သူလူထုအားလုံး
ကိုယ်ပိုင် သိရှိ ဆုံးဖြတ်နိုင်ဖို့ သူကိုးကားသည့်
အကျယ်တရား မူရင်းများကို တင်ပြလိုက်ပါသည်။
p
တရားစစ်မှန် ကျင့်ကြံကြမှ
ချမ်းသာသုခ ရနိုင်မည်။
တရားတုတွေ ကျင့်နေကြလို့
ဆင်းရဲဒုက္ခရောက်ရသည်။
ယခုတဖန် အမှန်လမ်းသို့
အမြန်လှမ်းဖို့ချိန်တန်ပြီ
သို့မှ တိုင်းပြည်
ဘာသာရေးကြောင့် သာယာအေးချမ်း ရှိလိမ့်မည်။
(တောင်မြို့မဟာဂန္ဓာရုံဆရာတော်)
ငြိမ်း/ကောင်စီ ဗိုလ်ချူပ် စောထိန်မောင်မှ နအဖ ဗိုလ်ချူပ်ရဲမြင့်ကို သွန်သင်ဆုံးမနေ
Tuesday, April 27th, 2010စာဖတ်ပရိသတ်များခင်ဗျား….
နအဖ စစ်ထောက်လှမ်းရေးချူပ် ဗိုလ်ချူပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီ မှ ဗိုလ်ချူပ်စောထိန်မောင် ပေးပို့ သောစာ မိတ္တူကို အများပြည်သူ သိရှိစေရန်တင်ပြပေးလိုက်ပါသည်။ အဆိုပါ ဗိုလ်ချူပ်ရဲမြင့် ထံသို့ ပေးပို့ သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့ တွင် BGF နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့ အဖြစ်သတ်မှတ်ထားသော နအဖ စစ်အစိုးရ၏ ရာဇာသံပေးမှုကို တုံပြန်လိုက်သော ပြတ်သားသည့် ပေးစာတစ်စောင်ဖြစ်ပါသည်။
KNU တပ်မဟာ(၇)မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချူပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ ဗမာစစ်အစိုးရ၏ လည့်ဖျားမှုများကို တဖြည်းဖြည်းသဘောပေါက်လာပုံရနေပါသည်။ ဗိုလ်ချူပ်ရဲမြင့်ကို လည်း ကတိမတည်သူ လူလိမ်အဖြစ် [...]
နအဖ၏ အဂ္ဂမဟာ ဘာညာဖွဲတအိတ် နဲ့ ကြပ်ပြေးသတင်းညာ
Tuesday, April 27th, 201027 April 2010
အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန်
Saturday, April 24th, 2010အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
“ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို သတိထားစောင့်ကြည့်လာခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ အခုချိန်ဟာ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်ဖို့၊ အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့အတွက်ရော၊ တရုတ်တို့ရဲ့ ကျွန်အဖြစ် ကျရောက်နိုင်တဲ့ အန္တရာယ်က လွတ်မြောက်အောင် လုပ်ဖို့အတွက်ပါ အခွင့်အလမ်း အကောင်းဆုံး အချိန် ဖြစ်ပါတယ်။”
အခုချိန်ဟာ အခွင့်အသာဆုံးလို့ဆိုရလောက်အောင် [...]
လူထုစိန်ဝင်းရဲ့ “နိုင်ငံရေးသတင်းတွေ ဘယ်လိုရေးကြမှာလဲ”
Wednesday, April 21st, 2010လတ်တလောကာလမှာ ဘယ်ဂျာနယ်ပဲလှန်လိုက်လှန်လိုက် မှတ်ပုံ တင်လျောက်ထားကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ အကြောင်းသတင်း တွေနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ အသားပေး ဖော်ပြထားကြတာကို တွေ့ရတယ်။
မင်းသားမင်းသမီးအင်တာဗျူးသလို
နိုင်ငံရေးပါတီတွေအကြောင်း၊ ဒီမိုကရေစီအကြောင်း၊ ရွေးကောက်ပွဲ အကြောင်း ဒီခေတ်လူငယ်ဂျာနယ်လစ်လေးတွေက ဖတ်ဖူးရေးဖူး ကြတာ မဟုတ်လေတော့ သူတို့မေးတဲ့ရေးတဲ့ ပုံစံတွေက ရုပ်ရှင်မင်းသား မင်းသမီးတွေကို အင်တာဗျူးလုပ်ပြီး ရေးတာတွေဖတ်ရသလို ဖြစ်နေတယ်။ ပါတီတစ်ခုအကြောင်း ဂျာနယ်တစ်မျက်နှာလောက်တော့ ရေးထားတာပဲ။ ဒါပေမယ့် အဲဒီပါတီနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အကြောင်း အရာတွေတော့ ဘာမှမသိလိုက်ရဘူး။ မင်းသား မင်းသမီးတွေ မော်ဒယ်တွေကို ကြော်ငြာပေးတာနဲ့ ဘာမှသိပ်မကွာခြားလှပါဘူး။ ပေါ့ရွှတ်ရွှတ်နဲ့ အနှစ်သာရမပါဘူး။
သင်္ကြန်အကြတ်နေ့ ဗုံးပေါက်ကွဲမှု နှင့် နအဖ မီဒီယာ
Friday, April 16th, 2010ယမန်နေ့ ညနေ ၃နာရီခန့်က ကန်တော်ကြီးစောင်း X2O မဏ္ဍပ် တွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နအဖ ပြန်ကြားရေးဌာန၏ သတင်းစာတွင် သတင်းအဖြစ် ဖော်ပြနိုင်ရုံမက ဆောင်းပါး(၁)ပုဒ်ပါ ဖော်ပြနိုင်ခဲ့သည့်အတွက်လည်းကောင်း၊နိုင်ငံတကာကိုထုတ်လွှင့်နေသည့် နအဖရုပ်သံလိုင်းအသစ်ဖြစ်သော Myanmar International(MI) ရုပ်မြင်သံကြား၏ ယနေ့(ဧပြီ ၁၆) မနက် ၁၀နာရီခန့်တွင်ထုတ်လွှင့်သောသည့် ဆွေးနွေးခန်းတွင် အဆိုပါသတင်းစာ ဆောင်းပါးတွင်ပါရှိသည့် စကားလုံးများ အရေးအသား အပြောအဆိုများအတိုင်း ဆွေးနွေးကြပုံကို ထုတ်လွှင့်ခဲ့ပါသဖြင့် ယနေ့(ဧပြီ ၁၆)ရက်မနက်တွင်ထွက်ရှိသောသတင်းစာဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများကို ယနေ့(ဧပြီ ၁၆) မနက် ၁၀နာရီခန့်တွင် ဆွေးနွေးခန်းအဖြစ် ထုတ်လွှင့်နိုင်သည့်အတွက်လည်းကောင်း နအဖ ပြန်ကြားရေးဝန်ကြီးဌာန၏အစွမ်း အံ့မခန်းစရာ ထင်ရှားစွာ တွေ့ရတော့သည်။
ဧပြီ ၁၆ရက်နေ့ ယနေ့ နအဖ သတင်းစာတွင် ဖော်ပြပါရှိသည့် သတင်း
ဤသတင်းနှင့်အတူဖော်ပြထားသည့် ဆောင်းပါး
တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ပြည်သူ့ကိုယ်စား ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူ၏ ဗိုလ်ချုပ်မှူးကြီးထံ တင်ပြချက်
Thursday, April 15th, 2010တရားမျှတမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် မိမိတတ်ကျွမ်းသည့်အတတ်ပညာဖြင့် အခမဲ့စေတနာ့ဝန်ထမ်းအဖြစ် အားကိုးရာမဲ့အမှုသည်များအတွက် အမှုလိုက်ကာကွယ် အကျိုးဆောင်ပေးနေသော၊ တရားဥပဒေစိုးမိုးရေးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွက်နေသော မြန်မာပြည်သူ လူထုရှေ့မှာ မားမားမတ်မတ်နေသည့် လူ့အခွင့်အရေးရှေ့နေ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူ ၏ နအဖ ဥက္ကဋ္ဌထံ ပေးပို့တင်ပြထားသည့် “နိုင်ငံသားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် လျှောက်ထားချက်နှင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဥပဒေများကို အင်ဒိုနီးရှားနိုင်ငံဥပဒေများနှင့်နှိုင်းယှဉ်လေ့လာချက်”
အပြည့်အစုံ ရယူ ဖတ်ရှုလေ့လာရန်
အိုဘယ့် ဧရာဝတီ
Tuesday, April 13th, 2010တိုင်းပြည်၏ နားမျက်စိ သဖွယ်ဖြစ်သော မီဒီယာများသည်
တိုင်းပြည်လူထု အန္တရာယ်ကင်းကွာ ချမ်းသာရေးကိုသာ ရှေးရှုသင့်ကြောင်း၊
အထူးသဖြင့် ပြည်သူ့အရေးတော်ပုံကြီးရဲ့ အသီးအပွင့် ဖြစ်သော
မီဒီယာကြီးများ ပြည်သူ့ဘက်ကသာ ရပ်ကြဖို့ အရေးကြီး
ဧရာဝတီ ကိုကြည်ဝေနှင့် ကိုအောင်ဇော်သို့ …/ကမာပုလဲ
NLD ၏ နောက်ဆုံးနေ့များ/ကြည်ဝေ Saturday, April 10, 2010
NLD မမှားသင့်တာ မှားခဲ့လေသလား…အောင်ဇော် Saturday, April 10, 2010












