နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

Archive for June, 2010

ပြည်သူလူထုသို့ နှိုးဆော်လွှာ

Wednesday, June 30th, 2010

Right 1

ကာတဗ္ဗံ ကမ္မံ လုပ်ကိုလုပ်ရမည့်အလုပ်

Monday, June 28th, 2010

ဒီမိုကရေစီ လှုပ်ရှားသူအားလုံးဒါတွေလုပ်ရမယ်။
(ကျန်တာလူထုကလုပ်ကြလိမ့်မယ်၊ ဆုံးဖြတ်လိမ့်မယ်။)
ကိုယ်တိုင်က ပြည်သူပြည်သားတွေကိုပညာပေးတာတွေလုပ်ရမယ်။
အခြေခံဥပဒေဆိုတာလွယ်လွယ်နဲ့ခိုင်မာစရာမလိုဘူး၊ သူခိုင်မာဖို့အချိန်ယူရတယ်၊ မကောင်းရင်ပြင်ရတယ်။
အာဏာလက်မလွှတ်ရေးဆိုတဲ့အချက်ပါရင် မမှန်ကန်တော့ဘူး။
ရှင်းရှင်းပြောရရင် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း မှ အာဏာကို အမွေပေးလို့မရဘူး၊လက်ဆင့်ကမ်းလို့မရဘူး။
ပြည်တွင်းပြည်ပ က လှုပ်ရှားသူအားလုံးကညီညွတ်ကြဖို့အရေးကြီးတယ်။ဘယ်လိုအကြောင်းနဲ့မှကွဲပြဲလိုမရဘူး။
ညီညွတ်ကြပါ၊ ဒါနောက်ဆုံးတိုက်ပွဲဘဲ။
၁၊ နအဖ – ရေးဆွဲထားတဲ့ အခြေခံဥပဒေ ရဲ့ ရည်ရွယ်ချက်တွေကဘာလဲ ?
-အခုသူတို့ဘာတွေလုပ်နေလဲ ?(ပြည်သူ့ငွေတွေနဲ့စည်းရုံးရေးဆင်းနေကြတယ်)
-ပြည်သူပြည်သားတွေ များများ လေ့လာနိုင်အောင်လုပ်ရမယ်၊
-ပညာပေး လုပ်ငန်းတွေလုပ်ရမယ်၊
(ဆွဲထားတဲ့အခြေခံဥပဒေက တိုင်းပြည်အတွက်တခုမှမပါဘူး၊ အာဏာတည်မြဲရေးဘဲ အဓိကဖြစ်နေတာ တွေ့ရတယ်၊)

၂၊ အကယ်၍ နအဖကရွေးကောက်ပွဲဇွတ်လုပ်ရင် —
-လုံးဝမဲသွားမပေးရေး
-အကြောင်းကြောင်းကြောင့် မဲသွားပေးရရင်လဲ
( ကန့်ကွက်မဲထည့်ခြင်း နှင့် ပယ်မဲဖြစ်အောင်လုပ်ခြင်း )
ဥပမာ – ဖြဲခြင်း၊ [...]

ကိုယ်ထုတ်တဲ့ ဥပဒေမှာ ဘာပါသလဲမသိ သူများပြောမှသိတဲ့ နအဖ

Saturday, June 26th, 2010

မဲမပေးဘဲနေနိုင်တာဟာလည်း နိုင်ငံသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတရပ်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောပြချက်ကို သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက အပြင်မှာ ပြန်ပြောပြခဲ့တာနဲ့ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေက ဦးဉာဏ်ဝင်းကို ဒီကနေ့မှာ ခေါ်ယူပြီး သတိပေးခဲ့ပါတယ်။
ဒီလို သတိပေးတာဟာ တရားနည်းလမ်းမကျဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခွင့်ရတဲ့ ဦးဉာဏ်ဝင်းကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းတော့ ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။
“ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေအရ မဲဆန္ဒရှင်က မဲပေးခွင့်ကို ဒါ သူရဲ့ ရိုက်စ် (အခွင့်အရေး)ပဲ။ အလားတူပဲ မဲမပေးတာလည်း သူ့ရဲ့ ရိုက် (အခွင့်အရေး) ပဲလို့ ပြောခဲ့တယ်။

နိုင်ငံလုံးကျွတ် လွတ်မြောက်ရေး လှုပ်ရှားမှု

Friday, June 25th, 2010

YY(ရဲရင့် ကနေဒါမှ တဆင့် တင်ပြပါသည်)

ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား

Friday, June 25th, 2010

“ – – – အောက်တိုဘာမှာ ကျင်းပမယ် လို့ ဂျင်ဝက်ကို ပြောလိုက်သူဟာ ရမ်းတုပ်ပဲ ဖြစ်မှာ – – -”
ဟိုတလောက လာ မလိုလို နဲ့ မလာဖြစ်တဲ့ အမေရိကန် ဂျင်ဝက် ကတော့ မြန်မာနိုင်ငံက ရွေးကောက်ပွဲများဟာ ၂ဝ၁ဝ အောက်တိုဘာ ထဲမှာ ဖြစ်မယ်လို့ သူသိရကြောင်းနဲ့ မြန်မာ့ ရွေးကောက်ပွဲကို အားပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ အောက်တိုဘာမှာ ကျင်းပမယ် လို့ ဂျင်ဝက်ကို ပြောလိုက်သူဟာ ရမ်းတုပ်ပဲ ဖြစ်မှာမို့ ရမ်းတုပ် စကား နားထောင်ပြီး ရွေးကောက်ပွဲ အားပေးဖို့ ပြောတဲ့ ဂျင်ဝက်ကိုလည်း ရမ်းတုပ် လို့ပဲ ပြောရမှာပါ။

ဗုဒ္ဓဘာသာနိုင်ငံတွင် ရှင်သန်ခွင့်မရ သမဂ္ဂ

Friday, June 25th, 2010

သမဂ္ဂါနံ တပေါ သုခေါ=စိတ်တူကိုယ်တူ ညီညွတ်သူတို့၏ လုပ်ကိုင်ဆောင်ရွက် ကျင့်ကြံချက်သည်
တိုးတက်ကြီးပွားချမ်းသာကြောင်းတရားတည်း ဟု
မြတ်ဗုဒ္ဓဟောကြားခဲ့သော်လည်း မိစ္ဆာဒိဋ္ဌိ စစ်အာဏာရှင်များ လက်နက်အားကိုး စိုးမိုးဗိုလ်ကျ
အုပ်ချုပ်နေကြသော ဗုဒ္ဓဘာသာမြန်မာနိုင်ငံ တွင်
ပြည်သူလူထု သုခရရှိစေနိုင်မည့် သမဂ္ဂတွေဖွဲ့ခွင့်မရသည်မှာ အမျိုး၊ဘာသာ၊သာသနာ ပျက်စီးရာပျက်စီးကြောင်း အားထုတ်မှုတခုပင်ဖြစ်သည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမှု ‘တရားမဝင်’ ဟု ရဲကပြော
နယူးဒေလီ (မဇ္ဈိမ) ။       ။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ပြုရန် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ခွင့်ပြုချက် တောင်းခဲ့သူများကို ဖွဲ့စည်းခွင့် မပြုကြောင်း ရဲက ယမန်နေ့က ပြောကြားလိုက်သည်။

အစဉ်သဖြင့်…ငြိမ်းချမ်းရေးသို့ ….။

Thursday, June 24th, 2010

လူမှုရေးလုပ်ဆောင်ရာတွင် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြု လုပ်ကိုင်ကြရသော်ငြား …
အဓမ္မ၀ါဒီ၊ အတ္တသမားများကို အစဉ်တိုက်ထုတ်ပစ်ရမည် ဖြစ်ပါ၏။

စစ်အာဏာရူး ကမ္ဘာ့အဆင့် ဆုဆွတ်ခူး

Wednesday, June 23rd, 2010

Jun 23

အမျိုးသားဒီမိုကရေစီ ဒု-ဥက္ကဌ ဦးတင်ဦး ရဲ့  စစ်အာဏာရှင်များအား တိုက်တွန်းပြောဆိုချက်..

Tuesday, June 22nd, 2010

ဦးရော်နီညိမ်း ။ ။မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီဟောင်းတွေ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရက်နောက်ဆုံးရက် သတ်မှတ်ခဲ့ပြီးတဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်က မှတ်ပုံတင် တည်ရှိခဲ့တဲ့ နိုင်ငံရေးပါတီတချို့ ဟာ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချတာကို ကိုယ့်ဘာသာမလုပ်ခဲ့သလို၊ အာဏာပိုင်တွေက လည်း ဆိုင်းဘုတ်တွေ လာဖြုတ်ချတာ မရှိသေးပါဘူး။

နအဖသြဝါဒအရ မဟန အထူးအစည်းအဝေးကျင်းပမည်

Tuesday, June 22nd, 2010

Jun 22

« Previous Entries