Freedom Park (သို့မဟုတ်) ပြည်သူ့ဟစ်တိုင်ဥယျာဉ်
By abma | July 8, 2010
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရ ဆန္ဒပြဥယျာဉ်များကို ကမ္ဘောဒီးယားအစိုးရက နိုင်ငံတစ်ဝန်းတည်ဆောက်ရေးကို စတင်လုပ်ဆောင်မည်

ဆန္ဒပြမှုများပြုလုပ်လေ့ရှိသည့် အမျိုးသားအထိမ်းအမှတ် အဆောက်အဦ (၀န်ကြီးချူပ်အိမ်အနီး)
ပြည်သူများအတွက် Freedom Park ဟုအမည်ပေးထားသော ဆန္ဒပြဥယျာဉ်များ နိုင်ငံတစ်ဝန်းတည်ဆောက်ရေးကို စတင်လုပ်ဆောင်လျက်ရှိကြောင်း ကမ္ဘောဒီးယားအစိုးရက ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ “Freedom Park” တွေတည်ဆောက်ဖို့ ပြည်နယ်နဲ့မြို့ကြီးအားလုံးမှာပြင်ဆင်နေပါပြီ” ဟု ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Khieu Sopheak က ပြောကြားခဲ့သည်။ စီစဉ်ထားသောဥယျာဉ်ပန်းခြံများတွင် ပြည်သူများသည် လုံခြုံစွာဖြင့် မိမိတို့၏ ထင်မြင်ယူဆမှုများကို နံနက် ၆ နာရီမှ ည ၆ နာရီ အထိ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရမည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သော အငြင်းပွားဖွယ်ရာဥပဒေအရ ပေါ်ပေါက်လာသော ဥယျာဉ်များတွင် ဆန္ဒပြသူ ဦးရေကို လူ ၂၀၀ အထိသာကန့်သတ်ထားသည်။ ယင်းကြောင့် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်နိုင်ခွင့်ကို ကန့် သတ်ရန် ဆောင်ရွက်မှုအဖြစ် အတိုက်အခံများနှင့် အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ပုံမှန်အားဖြင့် ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ဟွန်ဆန်၏ အိမ်ရှေ့တွင် ဆန္ဒပြလေ့ရှိပြီး အင်အားသုံးဖြေရှင်း ရလျှင်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ နိုင်ငံတွင်းရှိ အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Adhoc မှ Chan Soveth က “ပြည်သူတွေကို သူတို့ရဲ့ အမြင်တွေထုတ်ဖော်ဖို့အခွင့်အရေးပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ Freedom Park တွေက လူထုတွေကို သူတို့ဆန္ဒမပြချင်တဲ့နေရာမှ ပြရအောင် လုပ်ပေးသလိုဖြစ်နေတယ်” ဟု သုံးသပ်ခဲ့သည်။
Ref: AFP
ဤနေရာမှ ကူးယူဖော်ပြပါသည်












