နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း


ကိုဇာဂနာရဲ့ ဖခင် ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်….

By abma | July 15, 2010

တိုင်းပြည်နှင့်လူမျိုး ဘာသာ၊သာသနာ ပြုပြင်ပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက်

ကြိုးပမ်းရင်း စစ်မိစ္ဆာတို့ရဲ့ ထောင်သွင်းအကျဉ်းချခံထားရသော ကိုဇာဂနာ ရဲ့ဖခင်

ကွယ်လွန်ခြင်းအတွက် နှမြောတသ စိတ်မကောင်း ဖြစ်ရပြီး

လှူမျှဝေ၍ ဟူသော သားသမီးဝတ္တရား မဖြည့်ဆည်းပေးနိုင်သည့် များစွာသော

ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတို့အတွက်

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး(ABMA)အနေဖြင့်

အထူးပင် စိတ်မကောင်းဖြစ်ရပါသည်။

ကိုဇာဂနာရဲ့ ဖခင် ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်….

ABA SAYAR NAN NYUNT SWE
ကိုဇာဂနာရဲ့ ဖခင်ကဗျာဆရာကြီး နန်းညွန့်ဆွေ

Ko Zar Ga Nar
နောက်တန်း ဆရာကြီးနန်းညွန့်ဆွေနှင့် စာရေးဆရာမကြီးဒေါ်ကြည်ဦး
ရှေ့တန်း ကိုဇာဂနာ၊ လူရွှင်တော် ပိန်ပိန်နှင့် စုတ်ချွန်း(ပုံ မိုးမခ)

မိတ်ဆွေအပေါင်းတို့ 

….ယနေ့  ၁၄.၇.၂၀၁၀ ရက်နေ့ (ဗုဒ္ဒဟူးနေ့ ) ညနေ (၅း၀၀)နာရီမှာ.. ကျွန်တော်တို့ရဲ့ ရဲဖော်ရဲဖက်၊ သူငယ်ချင်း ဇာဂနာရဲ့ ဖခင်ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ (အသက်-၈၇ နှစ်) ကွယ်လွန်သွားရှာပြီဗျာ………..။

လေးစားဦးညွတ်လျက်….

ကျော်သူ

(မနက်ဖြန်…၁၅.၇.၂၀၁၀ရက်နေ့ နံနက်၁၁း၀၀နာရီမှာ ရေဝေးသုဿန်မှာ သဂြိုလ်ရန် စီစဉ်နေပါကြောင်း….။)
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ မှသတင်းပေးပို့လာပါတယ်။

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်များအား ကူညီမှုဖြင့် မြစ်ကြီးနားထောင်မှာ မတရားနှစ်ရှည် အကျဉ်းကျခံနေရတဲ့ စွယ်စုံ အနုပညာရှင် လူထုအချစ်တော် ကိုဇာဂနာရဲ့ဖခင်ကြီး ဦးအောင်သိန်း(ခေါ်) ကဗျာဆရာကြီး နန်းညွန့်ဆွေ ယနေ့ကွယ်လွန် အနိစ္စရောက်ကြောင်း ကြားသိရသဖြင့် မိသားစုနဲ့ ထပ်တူ ထပ်မျှဝမ်းနည်းပါကြောင်း။

ဒီမိုဝေယံ

U KYAW THU

၂၀၀၉ ခုနှစ် မတ်လ ၂၀ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကိုဇာဂနာရဲ့မိခင် သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးရဲ့ ဈာပနအခမ်းအနား…

Daw Kyi Oo
ကိုဇာဂနာရဲ့မိခင် သခင်မကြီး ဒေါ်လှကြည် ခေါ် စာရေးဆရာမကြီး ယုဝတီကြည်ဦးရဲ့ ဈာပနအခမ်းအနား. မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းနည်းခြင်း ပန်းခွေ ပေးပို့ခဲ့ပါတယ်။

ဒီမိုဝေယံမှ ထပ်ဆင့်ဖော်ပြပါသည်။

No Comments »

Comments