နအဖ ဖမ်းဆီးထောင်ချသံဃာနှင့် ဖျက်ဆီးခံရသည့်ကျောင်း စာရင်း



နားဆင်ရန် သတင်းဌာနများ



Burma VJ

Get the Flash Player to see the wordTube Media Player.

ကြာလည်းမမေ့၊ ရှာလည်းမတွေ့။

ကိုယ့်အလှဲ့

ထိုင်းနိုင်ငံရောက် မြန်မာသံဃာတော်များ

စက်တင်ဘာသက်သေ

ဒို့တိုင်းပြည်က အာဏာသူခိုး

နိုင်ငံတကာ လတ်တလောသတင်း

ကဗျာ

ပေတရား

တူသည်

ရင်မှီခိုကိန်း၊ဒေါသပိန်းပိတ်

ဗဟိဒ္ဓဆီ

ပေ

ဝေဒနာတွေ၊မဖြန့်ဝေပဲ

ရင်ထဲစုကျက်၊ဒဏ်ချက်ရင့်နု

အမှုမထား၊သူ့တရားနှင့်

မရွေ့ရှားတည်။

ပေတရား

ပွားများလေ့ကျက်၊ထုနှက်ခြင်းဒဏ်

ရင်စည်းခံရင်း၊အဆင်းသစ်လောင်း

ထိုသံချောင်း

ဓားကောင်းတလက်ဖြစ်လာသည်။

တင်မြိုင်စိုး  (ကောလိယ)

ရွက်လှပန်း

သူ့လိုနာမည်မျိုး
ရုက္ခဗေဒအဘိဓာန်မှာတောင်
ရှားမယ်ထင်ရဲ့။
အသီးကို
အသီးလို့ခေါ်ကြ။
အရွက်ကို
အရွက်လို့ခေါ်ကြ။
အပွင့်ကို
အပွင့်လို့ခေါ်ကြ။
ဒါပေမယ့်
သူ့ကိုကြတော့
နေပြင်းလေအဆင်းလှလေဆိုတဲ့ဇွဲ
အပူဒဏ်ရိုက်ပုတ်ပေမယ့်
ခေါင်းမငုတ်တဲ့သတ္တိကြောင့်
အရွက်ပေမယ့်
ပန်းဆိုပြီးဦးညွတ်ကြ။

သော့ခလောက်သံ
ချောက်ခနဲအပိတ်မှာ
ကျောကုန်းနဲ့ရင်ဘတ်ကဒဏ်ရာကို
ကဗျာအဖြစ်အသွင်ပြောင်းဖို့
အဲ့ဒီပန်းကအားတွေပေးခဲ့။ ။

တင်မြိုင်စိုး(ကောလိယ)

===

ရင်ထဲကရွှေဝါရောင်

ရဟန်းသံဃာတို့ရဲ့ သမိုင်း
နက်ရှိုင်းကျယ်ပြန့်
ခြေဆန့်ခဲ့တဲ့ခရီး
သွေးစည်းခြင်းတွေ အနန္တ
တော်လှန်ရေးတွေ ဗလပွနဲ့
ကယ်တင်ပြခဲ့တဲ့ အဖြစ်
ရင်ထဲမှာ “သစ်” နေဆဲပါ။ကိုလိုနီခေတ်က
ဆရာတော် ဦးဥတ္တမ
ဆရာတော် ဦးဝိစာရတို့ရဲ့
နယ်ချဲ့ ဆန့်ကျင်စိတ်နဲ့
အင်္ဂလိပ်ကိုတော်လှန်ခဲ့တဲ့ သမိုင်း
နက်ရှိုင်းလွန်းလှပါတယ်။

ဒီမိုကရေစီခေတ်မှာ
ရဟန်း၊ သံဃာတွေက
စစ်အစိုးရရဲ့ ဖိနှိပ်မှုကို
ဒီမိုကရေစီစိတ်နဲ့ တော်လှန်တာ
ကမ္ဘာက သိနေတယ်လေ။

ရွှေဝါရောင်တော်လှန်ရေးရဲ့ အစ
ပခုက္ကူကပါလို့
ဟစ်ကြွေး ကျူးရင့်
ခွန်းဆင့် ပါရစေ။

စစ်ကျွန်အဖြစ်
နွံနစ်တဲ့ ဘဝ
လူမှုဒုက္ခ အဝဝ
ချွတ်ခြုံကျ မွဲတော့
ဆင်းရဲတွင်း နက်သမျှဒဏ်
မြန်မာတွေ ခါးစည်းခံနေရပြီလေ။

နှစ်ထောင်ခွန် စက်တင်ဘာငါး
ပခုက္ကူသံဃာ အပါးငါးရာကျော်က
ဆင်းရဲမှုဒုက္ခ ကင်းဝေးရေးအတွက်
လုံးစုံများစွာ သတ္တဝါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။
လူအချင်းချင်း၊ နှိပ်စက်ခြင်း
ကင်းရှင်းကြပါစေ။
လူအချင်းချင်း၊ သတ်ဖြတ်ခြင်း
ကင်းရှင်းကြပါစေ လို့
မေတ္တာပို့ လှည့်လည်ရာမှ
စစ်အစိုးရက
အတင်းအဓမ္မသတ်ပြလို့
ရဟန်းသံဃာတွေ ကျဆုံးရာမှ
စက်တင်ဘာ ရွှေဝါရောင်
တော်လှန်ရေး ဖြစ်ရခြင်းပါ။

စစ်အစိုးရရဲ့ ရိုင်းပျမှုကို
ဝန်ချတောင်းပန်
မတောင်းပန်ပါက
ပတ္တနိက္ကုဇ္ဇနကံ
ဆောင်ရွက်ရန်ဟု
ရဟန်းသံဃာများက
မေးမြန်းကြေညာခဲ့တယ်။

ပတ္တနိက္ကုဇ္ဇနကံဆိုတာ
ရဟန်းသံဃာများ၊ စော်ကားသူကို
ရဟန်းသံဃာများက
သာရေးကိစ္စ၊ နာရေးကိစ္စပါမကျန်
ဆက်ဆံမှုမပြု၊ ပြုဆဲအလှူကိုလဲ
လက်မခံတဲ့စိတ်နဲ့
သပိတ်မှောက်ခြင်းကို၊ ဆိုထားခြင်းပါ။

စစ်အစိုးရက
ဝန်ချမတောင်းပန်ဘဲ
သူ့ရန်လို့မြင်၊ စစ်ဆင်ရေးနဲ့တိုက်
မိုက်လှချည့်လား၊ ရမ်းလှချည်လား။

ပစ်လော့…. စစ်သား
အို… စစ်သားတို့
တို့ရွာတို့မြေ၊ တို့ရွာမြေမှာ
ရဟန်းသံဃာ၊ မေတ္တာပို့ကာ
ပွားများပါ၏။ ပွားပါလေလဲ
ပစ်ခတ်ဆဲမို့၊ သွေးရဲသင်္ကန်း
ဆင်မြန်းရင်းလာ၊
ပေတရာလမ်းမှာ
ရွှေဝါရောင်သွေးတွေ
ဒလဟော စီးဆင်းနေပြီလေ။

ပစ်လော့…. စစ်သား
အို… စစ်သားတို့
တို့ရွာတို့မြေ၊ တို့ရွာမြေမှာ
ရဟန်းသံဃာ၊ ကျင့်သိက္ခာနဲ့
နေပါသော်လည်း
ပစ်ခတ်ဆဲမို့၊ ဆင်းရဲကသာ
ကာလကြာလျှင်၊ သံဃာအများ
ကျောင်းကြိုကျောင်းကြား
ဘုရားကြို ဘုရားကြား
လှည့်လည်သွားဆဲ
ဆွမ်းလဲမဘုန်း၊ ပုန်း၍နေရ
သံဃာ့ဘဝ
ဆွမ်းမျှမခံနိုင်။

အို…. စစ်သား
လူသတ်သမားတို့
ဒီဘာသာ ဒီသာသနာ
ဘယ်သူ့ဘာသာ သာသနာလဲ
ဒီသံဃာ ဒီရဟန်း
ဘယ်သူ့သံဃာ ရဟန်းလဲလို့
မေးမြန်းပါရစေ။
သတ်ရမဲ့သူက
ရဟန်းသံဃာတွေလား။

ရဟန်းသံဃာတွေ သတ်ပြ
ဗုဒ္ဓကို စော်ကားပြ
စစ်အစိုးရ ငရဲလားမှာ
သေချာတယ်ဟေ့။

ထလော့…. မြန်မာ၊ အို… မြန်မာတို့
တို့ရွာတို့ပြည်၊ ဒီမိုကရေစီရအောင်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့။

ထာဝရအမှန်ကို၊ ခံယူချက်နဲ့ ယုံကြည်
တို့တိုင်းပြည်ကို၊ ဒီမိုကရေစီနဲ့ပုံဖော်ဖို့
သံဃာတော်တွေတိုက်ပွဲ ပျော်နေပြီလေ။

ပြည်သူတွေရဲ့ ဒုက္ခခံစားမှုကို
ကိုယ်စားပြုဦးဆောင်တဲ့
သံဃာတော်များရဲ့ အလင်းရောင်ဟာ
အမှောင်ဟူသမျှဖြိုခွင်း
လွတ်လပ်ခြင်း ဒီမိုကရေစီ
မြန်မာတစ်ပြည်လုံး ရပါစေ။

ရေးသားသူ။ ။ ပန်းသုခ ၁၈.၉.၀၉

(ရွှေဝါရောင်တော်လှန်ရေး (၂) နှစ်ပြည့် အထိန်းအမှတ်)

စက်တင်ဘာသံစဉ်

01/09/2009
Photobucket
အမှန်တရားကို နေရာမှန်ပြန်ရောက်ဖို့
စိမ်ပြေးတမ်းကစားနေတဲ့
အစာအာဟာရတွေ ရပ်တန့်ဖို့
ထင်ရှားတဲ့ ရပ်တည်မှုနဲ့
ပြည်သူ့ရှေ့ထွက်ခဲ့ပြီ။

ကမ္ဘာငြိမ်းချမ်းရေး တေးသွားကို
သံပြိုင်သီဆိုဟစ်ကြွေးရင်း
တအုန်းအုန်း ရွာချနေတဲ့ မိုးရေစက်တွေတောင်
သံဃာတော်တွေရဲ့ ဆန္ဒကို မရွှဲစိုခဲ့ဘူး။

သံဃာတော်တွေ ဦးဆောင်မှုအောက်မှာ
သူတို့လမ်း သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိတဲ့
မျိုးဆက်သစ်လူငယ်တွေ
နှစ်ရှည်လှောင်ပိတ်ခံဆန္ဒတွေ
ဖွင့်ဟထုတ်ဖော်ချင်တဲ့ ပြည်သူတွေ
ငြိမ်းချမ်းရေး တေးသွားနဲ့အတူ
လမ်းတွေ လျှောက်ခဲ့ပြီ။

မကောင်းမှုဒုစရိုက်ကို ရေဆာသလိုဆာတဲ့
လူမိုက်တစ်စုဟာ
သက်ကြားအို ကျားငစဉ်းလဲရဲ့
နည်းပေးလမ်းညွှန်မှု
အလွဲသုံးစားအမိန့်တွေနဲ့
သူတော်ကောင်းတွေ ကံသုံးပါး ဆေးကြောတဲ့နေ့မှာ
ငြိမ်းချမ်းရေး သံစဉ်ကို
ရက်ရက်စက်စက်
ဖြိုခွင်းခဲ့တယ်။

အဲဒီ သံစဉ်တွေ
အခုထိ….
ပြည်သူတွေရဲ့ သွေးကြောထဲမှာ
စီးဆင်းဆဲ။
အငွေ့အသက်တွေ
ကမ္ဘာအနှံ့
ပြန့်နှံ့ဆဲ။

ထုဆစ်
(MSMA)